Myanmar National Post

စင်ကာပူက မြို့လယ်ခေါင်မှာ ရေကြီးမှာမို့လို့ ကားသမားတွေကို ရှောင်မောင်းဖို့ သတိပေးထား



နိုဝင်ဘာ - ၂ ( တနင်္လာနေ့ ) 

ကားထဲမောင်းတဲ့သူတွေအနေနဲ့ ရေကြီးနိုင်ချေရှိတဲ့အတွက် စင်ကာပူအလယ်ပိုင်းက တချို့နေရာတွေကို ရှောင်ကြဖို့ သတိပေးထားပါတယ်။

အမျိုးသားရေအားလျှပ်စစ်အေဂျင်စီ (PUB) က နေ့လယ် ၂ နာရီ ၁၈ မိနစ်မှာ အိတ်စ်ဆိုရှယ်မီဒီယာ  (တွစ်တာ) ကနေ တဆင့် ဘူကစ်ဘေတောက် မြို့နယ်၊ လော်ရောင်းကစ်မစ်  နဲ့ ကစ်မစ်ပလေးစ့် လမ်းဆုံမှာ လာမယ့်တစ်နာရီအတွင်း ရေကြီးနိုင်ချေရှိတယ်လို့ သတိပေးချက် ထုတ်ထားပါတယ်။

အဲဒီနောက် နေ့လယ် ၂ နာရီ ၁၉ မိနစ်မှာ အ‌ပေါ်ဆီရန်ဂွန်  က လော်ရောင်းဂမ်ဘီ ( လော်ရောင်း ပင်ချာလက်ကနေ ဂမ်ဘီဝေါ့အထိ) မှာလည်း ရေကြီးနိုင်တဲ့အန္တရာယ်ရှိကြောင်း ဆက်ပြီး သတိပေးခဲ့ပါတယ်။ ရှောင်ရှားရမယ့်နေရာတွေစာရင်းထဲကို ဘူကစ်တီမားလမ်း (ကင်းအယ်လ် ဘတ်ပတ်နဲ့ အနီး) ကိုပါ ထပ်တိုးလိုက်ပါတယ်။ အဲဒီနောက် ၂ နာရီ ၃၅ မိနစ်လောက်မှာလည်း အပါ်ဆီရန်ဂွန်ဘက်က ပူအီဖီလမ်း (ပုအေဟီအဗြူ - ဆီယက်ကျူအဗြူအနီး) နဲ့ ဝမ်သိုလမ်း (ဖန်ဂက်ခ်အဗြူအနီး) ဆိုတဲ့ နေရာနှစ်ခုကိုပါ မောင်းနှင်သွားလာတာ မလုပ်ကြဖို့ ဆက်ပြီး သတိပေးခဲ့ပါတယ်။ မက်ကင်ဇီလမ်း (ဘူကစ်တီမားလမ်းအနီး) မှာပါ ရေကြီးနိုင်ချေရှိတယ်လို့ ထပ်မံသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။


REF: straits Times

#News #Myanmar


မူရင်းသတင်း — Myanmar National Post