





မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် ၊နို၀င်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေး၀န်ကြီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈) နှစ်မြောက်နှစ်ပတ်လည်နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များစုပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန် ကမ္ဘာ့အေးစေတီတော်ကြီးတွင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မရမ်းကုန်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး ၊ မြောက်ဥက္ကလာပမြို့နယ်အုပ်ချုပ်ရေးဦးမိုးသူ၊ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးဦးတင်ထွဋ်အောင် ၊ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ ခရိုင်အတွင်းရှိ အခြားအဆင့်၀န်ထမ်းများ စုစုပေါင်း အင်အား (၁၅၀ )ဦးဖြင့် ၂၀၂၆ ခုနှစ် ၊နို၀င်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေး၀န်ကြီးဌာန ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏ (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့အားကြိုဆို ဂုဏ်ပြုသောအားဖြင့် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘ့ာအေးစေတီတော်ကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီ နှင့် ဘုရားရင်ပြင် အနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ စေတီတော် ရင်ပြင်အနီး ရေဖြင့် ဆေးကြောသန့်စင်ခြင်း၊ တံမြက်စည်းလှဲခြင်း၊ ဘုရား ပရဝဏ်အတွင်း / အပြင် များတွင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး
#News #Myanmar