Myanmar National Post

သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းတစ်ဦး အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များနှင့်ပြည်သူများ ဂုဏ်ပြုကြိုဆို







ပုဇွန်တောင်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆) ပြည်သူ့စစ်မှုထမ်းတာဝန်အား သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အိမ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးကို ယနေ့ နံနက်  ၁၁ နာရီခွဲက အိမ်ပြန်လမ်းတစ်လျှောက်  ဂုဏ်ပြုကြိုဆိုခဲ့သည်။

နိုင်ငံတော်နှင့်တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦး ပီသစွာ တာဝန်များ ကျေပွန်စွာ ထမ်းဆောင်လာခဲ့သူတစ်ဦး၏ အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များသာမက မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မိဘဆွေမျိုးများနှင့် ရပ်ကွက်နေပြည်သူများက ဝမ်းသာဂုဏ်ယူစွာဖြင့် ဂုဏ်ပြု လက်ဆောင်များ၊ ဂုဏ်ပြုငွေများ၊ ဂုဏ်ပြုပန်းခြင်းများ၊ အောင်သပြေပန်းခက်များဖြင့် စည်စည် ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။


စုယဉ်ချစ်

#News #Myanmar

မူရင်းသတင်း — Myanmar National Post