Myanmar National Post

ပိုလန်မှာ ဝန်ကြီးချုပ်က အခြေခံဥပဒေရုံးကို အာဏာသိမ်းမှု ဖြစ်


အောက်တိုဘာ - ၃၁ ( စနေနေ့ ) 

ပိုလန်နိုင်ငံရဲ့ လက်ယာ သမ္မတနဲ့ အလယ်အလတ်ဝါဒီ အစိုးရတို့ကြားမှာ နိုင်ငံရဲ့ ထိပ်တန်းတရားရုံးကို ဘယ်သူချုပ်ကိုင်မလဲဆိုပြီး အကြာကြီး ဖြစ်နေတဲ့ အားပြိုင်မှုဟာ သောကြာနေ့ညပိုင်းမှာ အရမ်းကို ပြင်းထန်လာခဲ့လို့ ဝါဆောမြို့မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ကို ရဲတပ်ဖွဲ့တွေ ဝန်းရံထားလိုက်ကြရပါတယ်။ 

ခုံရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဥက္ကဋ္ဌ ဘော့ဂ်ဒန်စဝီကော့စကီ နဲ့ ဒုဥက္ကဋ္ဌ ဘာလိုမိုင် ဆိုချန်စကီ  တို့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ ကြေညာချက် ထွက်လာပြီးနောက်မှာ ရဲတွေကို အခုလို ချထားပေးခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ပရိုဖိုင်တွေလည်း ဝက်ဘ်ဆိုက်ကနေ ပျောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ ခုံရုံးရဲ့ တရားဝင် အိတ်စ် အကောင့်ကနေ သူတို့ရဲ့ ဝက်ဘ်ဆိုက်ဟာ "ဥပဒေနဲ့ မညီဘဲ အတင်းအဓမ္မ သိမ်းပိုက်ခံလိုက်ရတာ" ဖြစ်ကြောင်းနဲ့ အဲဒီလူကြီးနှစ်ယောက်စလုံးက သူတို့ရဲ့ ရာထူးတွေမှာ ဆက်ရှိနေတယ်လို့ တုံ့ပြန်ထုတ်ပြန်ခဲ့ပါတယ်။ "ဒီလုပ်ရပ်တွေမှာ ပါဝင်နေတဲ့သူတွေ အားလုံးဟာ နိုင်ငံတော် အာဏာသိမ်းမှု  ရာဇဝတ်မှုကို ကျူးလွန်နေကြတာပါ" လို့လည်း အဲဒီအကောင့် မှာ ရေးသားထားပါတယ်။

အခုလို တာဝန်ရပ်ဆိုင်းကြောင်း အမိန့်ပေးခဲ့တဲ့ အန်နာကော်ဝင်ပီယိုထရော်စကာ ကတော့ တရားသူကြီးတွေထဲမှာ သူမက အသက်အကြီးဆုံး၊ စီနီယာအကျဆုံးဆိုတဲ့ အကြောင်းပြချက်နဲ့ ခုံရုံးရဲ့ ယာယီအကြီးအကဲနေရာကို ဝင်ယူလိုက်ပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့ လက်ရှိ ဦးဆောင်သူတွေကတော့ သူမရဲ့ အာဏာကို လက်မခံကြဘဲ စတီကော့စကီ ကသာ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေတယ်လို့ ရပ်တည်နေကြပါတယ်။

အဲဒီနောက်မှာတော့ ဆန္ဒပြသူတွေဟာ တရားရုံးအဆောက်အအုံရှေ့မှာ စုဝေးရောက်ရှိလာကြပြီး ဝန်ကြီးချုပ် ဒေါ်နယ်တက်စ် ရဲ့ ခုံရုံးအပေါ် တိုက်ခိုက်မှုလို့ စွပ်စွဲပြီး ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

"ဒေါ်နယ်တက်စ်  က ကျနော်တို့ကို ဆယ်စုနှစ်နဲ့ချီပြီး နောက်ပြန်ဆွဲသွားပြီး ဒုတိယတန်းစားနိုင်ငံ တစ်ခုဘဝကို လျှော့ချပစ်နေတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်" လို့ PiS ပါတီဝင် ဥရောပပါလီမန်အမတ် က ပြောပါတယ်။

"ဒေါ်နယ်တက်စ် ဘာလို့ ဒီလိုလုပ်နေတာလဲဆိုတော့ သူ့ရဲ့ အဓိကအကြောင်းရင်းက ဥရောပ ဥပဒေထက် ပိုလန်ဥပဒေကို ပိုဦးစားပေးတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါပဲ" လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post