Myanmar National Post

ရန်ကုန်မြို့ အမျိုးသားပြတိုက်သို့ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ







မြောက်ဥက္ကလာ၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ၊  မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့်နှင့် ဆရာ ၊ ဆရာမများ သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသားပြတိုက်သို့   လာရောက် လေ့လာခဲ့ကြသည်။

ထိုသို့ သွား ရောက် လေ့လာစဉ်  အမျိုးသားပြတိုက်မှ တာ၀န်ရှိသူများက မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာ ၊ ဆရာမများအား အမျိုးသားပြတိုက်၏ သက်တမ်း ၊ မြန်မာ့သမိုင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများ စသည့် အ ကြောင်း  အရာများကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ ကြ ကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post