Eleven Media Group

ရွှေတိဂုံစေတီတော် (၃၈) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲ ကျင်းပမည်

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် (၃၈) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထုတ်ပြန်သည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် (၃၈) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်ရာ ၁၃၈၈ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၄ ရက်၊ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီတွင် လှည့်လည်ပွဲကျင်းပပြီး စေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေ၌ မသိုးသင်္ကန်းတော်များ ယှဉ်ပြိုင်ရက်လုပ်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ထို့နောက် တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက် အာရုဏ်တက်ချိန်တွင် အာရုံခံမုခ်ဦး များအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် လေးဆူနှင့် အထက်ပစ္စယံ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်၊ ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို မသိုးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။

မသိုးသင်္ကန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကိုးသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုအဖြစ် ၄၅ သိန်း၊ ဒုတိယဆုအဖြစ် သိန်း ၄၀၊ တတိယဆုအဖြစ် ၃၅ သိန်း၊ စတုတ္ထဆုအဖြစ် သိန်း ၃၀ နှင့် နှစ်သိမ့်ဆု တစ်သင်းလျှင် သိန်း ၂၀ နှုန်းဖြင့် အသင်းငါးသင်းအား ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲတွင် အများပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် ညအိပ်ကုသိုလ်ပြုကြမည့် ဘုရားဖူးပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ပါတည်းယူဆောင်၍ ညအိပ်ခွင့်တိုင်ကြားရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

မူရင်းသတင်း — Eleven Media Group