Xinhua Myanmar

ဖရန့်ဖွတ်အသင်းက ချက်ဇီယာလက်ဇီယူကို အားကစားဆိုင်ရာ အမှုဆောင်အရာရှိသစ်အဖြစ် ခန့်အပ်

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင်ကစားခဲ့သည့် ဖရန့်ဖွတ်နှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့၏ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပွဲအတွင်း ဖရန့်ဖွတ်အသင်းမှ မာရီယိုဂေါ့ဇီ (ဝဲ)၊ အော်ရယ်လီယိုဘူတာ (ယာ)နှင့် တော့တင်ဟမ်ဟော့စပါးအသင်းမှ ဝီလ်ဆင်အော့ဒ်ဒိုဘတ်တို့၏ ယှဥ်ပြိုင်ကစားမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းက ဂျိုတီ ချက်ဇီယာလက်ဇီယူကို ၎င်းတို့၏ အားကစားဆိုင်ရာ အမှုဆောင်အရာရှိသစ်အဖြစ် ခန့်အပ်လိုက်သည်။ အသက် ၅၀ နှစ်အရွယ်ရှိ ချက်ဇီယာလက်ဇီယူသည် ဒုတိယတန်းကလပ် နုယင်ဘတ်အသင်းမှ နုတ်ထွက်လာမည်ဖြစ်ကာ မားကပ်စ်ခရိုချီ၏နေရာကို ဆက်ခံမည်ဖြစ်သည်။

ချက်ဇီယာလက်ဇီယူသည် ဖရန့်ဖွတ်အသင်းနှင့် ၂၀၃၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိမည့် စာချုပ်ကို ချုပ်ဆိုထားပြီး ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ တာဝန်စတင်ထမ်းဆောင်မည် ဖြစ်သည်။ ၎င်းသည် ဖရန့်ဖွတ်အသင်း၌ တာဝန်မယူမီအချိန်အထိ နုယင်ဘတ်အသင်း၌ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်။

ချက်ဇီယာလက်ဇီယူမှာ ဖရန့်ဖွတ်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လက နုယင်ဘတ်အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့ချိန်တွင် ဖရန့်ဖွတ်အသင်းက ခေါ်ယူလာပါကပြောင်းရွှေ့ခွင့်ပြုသည့် စာချုပ်ပါသဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုထားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ နုယင်ဘတ်အသင်းနှင့် ယခင်စာချုပ်မှာ ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးရန် ရှိနေခဲ့ခြင်းဖြစ်သည်။

"ဂျိုတီ ချက်ဇီယာလက်ဇီယူကို ခေါ်ယူနိုင်ခဲ့တာက ကျွန်တော်တို့အသင်းအတွက် ပရော်ဖက်ရှင်နယ်ပိုင်းရော၊ ကိုယ်ရည်ကိုယ်သွေးပိုင်းမှာပါ အလွန်သင့်တော်တဲ့သူတစ်ဦးကို ရရှိလိုက်တာဖြစ်ပါတယ်။ သူက ကြီးမားတဲ့ပရော်ဖက်ရှင်နယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု၊ ရှင်းလင်းပြတ်သားတဲ့ အကြံဉာဏ်တွေနဲ့ လူငယ်ကစားသမားတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးလိုစိတ် အပြည့်အဝရှိသူလည်း ဖြစ်ပါတယ်" ဟု ဖရန့်ဖွတ်အသင်းဥက္ကဋ္ဌနှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌမာသီးယပ်စ်ဘက်ခ်က ပြောကြားခဲ့သည်။

ချက်ဇီယာလက်ဇီယူမှာ ဂျာမန်ဘောလုံးအဖွဲ့ချုပ်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို မကြာသေးမီက သက်တမ်းအလိုက် ဂျာမနီလက်ရွေးစင်အသင်းများကို ကြီးကြပ်ခဲ့ပြီး  နုယင်ဘတ်အသင်းသို့ ၂၀၂၄ ခုနှစ်က ပြောင်းရွေ့တာဝန်ယူခဲ့ခြင်းဖြစ်သည်။

နုယင်ဘတ်အသင်းတွင် ချက်ဇီယာလက်ဇီယူက ဂျာမနီလက်ရွေးစင်ဟောင်း မီရိုဆလက်ဗ်ကလိုဆေးကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ကလပ်အသင်းဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လက်ရှိတွင် နုယင်ဘတ်အသင်းမှာ ဂျာမနီဒုတိယတန်းလိဂ်၌ အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။

ချက်ဇီယာလက်ဇီယူသည် ဂျာမန်ဘောလုံးအဖွဲ့ချုပ်တွင် ကာလရှည်ကြာ တာဝန်မထမ်းဆောင်မီက ဖရန့်ဖွတ်အသင်း၏လူငယ်အသင်းအချို့ကို နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ထိုစဉ်ကတည်းကပင် ဖရန့်ဖွတ်အသင်းနှင့် ဆက်ဆံရေးကောင်းရှိခဲ့သူလည်းဖြစ်သည်။ (Xinhua)

....................................

(English version)

Frankfurt appoints Chatzialexiou as new sporting executive

BERLIN, Oct. 31 (Xinhua) Bundesliga side Eintracht Frankfurt has appointed Joti Chatzialexiou as its new sporting executive, with the 50-year-old set to leave second-division club Nuremberg and succeed Markus Krosche.

Chatzialexiou will assume responsibility at Frankfurt on February 1, 2027, after signing a contract running until June 30, 2030. He will continue his duties at Nuremberg until taking up his new position.

The Frankfurt-born official secured a release clause specifically allowing him to join Eintracht when he extended his Nuremberg contract in August. His previous agreement had been due to expire in 2028.

"With Joti Chatzialexiou, we are gaining someone who is an excellent fit for our club, both professionally and personally," Frankfurt president and supervisory board chairman Mathias Beck said. "He stands for great professional expertise, clear ideas and a consistent commitment to developing young players."

Chatzialexiou joined Nuremberg in 2024 after more than two decades in various positions with the German Football Association (DFB), most recently overseeing the national teams.

At Nuremberg, he appointed former Germany international Miroslav Klose as head coach and played a key role in squad development. The club currently sits third in Germany's second division.

Chatzialexiou previously coached several Frankfurt youth teams, establishing a connection with the club before beginning his long career at the DFB. ■

Pboto caption: Mario Goetze (L) and Aurelio Buta (R) of Eintracht Frankfurt vie with Wilson Odobert of Tottenham Hotspur during the UEFA Champions League football match between Eintracht Frankfurt and Tottenham Hotspur in Frankfurt, Germany, Jan. 28, 2026. (Photo by Ulrich Hufnagel/Xinhua)

မူရင်းသတင်း — Xinhua Myanmar