
ဒါကာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်စားပွဲတင်တင်းနစ်ကစားသမား လီဟယ်ချန် နှင့် ရောင်ရွေ့ရွှန် တို့သည် နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသည့် ၂၀၂၆ ဒါကာလူငယ်အိုလံပစ်အားကစားပြိုင်ပွဲ (YOG) ၌ စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲများကို အနိုင်ပွဲများဖြင့် စတင်နိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် လွဲချော်ခဲ့သည်။
အမျိုးသမီးတစ်ဦးချင်း အုပ်စုအဆင့်ပွဲစဉ်များတွင် ရောင် က ဗယ်နီဇွဲလားကစားသမား Dakota Ferrer နှင့် အယ်လ်ဂျီးရီးယားကစားသမား Tania Morice တို့ကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင်လည်း လီ က ဂျာမနီကစားသမား Jonas Rinderer ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ တူရကီကစားသမား Gorkem Ocal ကို ၃ - ၁ ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသဖြင့် တရုတ်ကစားသမားနှစ်ဦးစလုံး တစ်ဦးချင်းပြိုင်ပွဲတွင် ၂ ပွဲဆက် အနိုင်ရလဒ်များ ရယူနိုင်ခဲ့သည်။
"နောက်လာမယ့်ပွဲတွေမှာ ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ရောင် က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသည် ယခုပြိုင်ပွဲတွင် တရုတ်နိုင်ငံကိုယ်စားပြု တစ်ဦးတည်းသော အမျိုးသမီးစားပွဲတင်တင်းနစ်ကစားသမား ဖြစ်သောကြောင့် ယခုလူငယ်အိုလံပစ်ပြိုင်ပွဲသည် အခြားပြိုင်ပွဲများထက် စိန်ခေါ်မှုပိုများကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
အသက် ၁၇ နှစ်အရွယ် ကစားသမား လီ ကလည်း "လူငယ်အိုလံပစ်ကျေးရွာထဲကို ဝင်လိုက်တာနဲ့ ပြိုင်ပွဲရဲ့ အငွေ့အသက်ကိုခံစားမိပြီး စိတ်လှုပ်ရှားခဲ့ပါတယ်၊ ဒီစိတ်လှုပ်ရှားမှုကို ပွဲစဉ်တိုင်းမှာ ယှဉ်ပြိုင်ရင်းတဖြည်းဖြည်း ကျော်လွှားသွားနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် အာဖရိကတိုက်သို့ ပထမဆုံးလာရောက်ခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲကြီးတစ်ခု၏ ဖွင့်ပွဲအခမ်းအနားသို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်ကြောင်း လီ က ဆိုသည်။ "လူတွေအများကြီးနဲ့ ပွဲအငွေ့အသက်က တကယ်ကို အမှတ်တရ ဖြစ်စရာပါပဲ" ဟု ၎င်းက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံမှကစားသမားတစ်ဦးနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်း အပါအဝင် အခြားသောနိုင်ငံနှင့်ဒေသအသီးသီးမှအားကစားသမားများနှင့် အပြန်အလှန်ပြောဆိုဆက်ဆံခွင့်ရရှိခဲ့သည်ကိုလည်း နှစ်သက်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် အမျိုးသား၊အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်တွင်မူ လီ နှင့် ရောင် တို့သည် ၃၉ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်၌ ဂျပန်နိုင်ငံမှ Ryuusei Kawakami နှင့် Miku Matsushima တို့ကို လေးပွဲကစားပြီး ရှုံးနိမ့်ခဲ့ရသည်။
Kawakami က "ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေက ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေထဲက တစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်ပိုင်ကစားကွက်ကို အကောင်းဆုံးဖော်ထုတ်နိုင်ခဲ့ပါတယ်၊အနိုင်ရလဒ်နဲ့ ပြန်လာနိုင်ခဲ့ခြင်း တကယ်ကို ဝမ်းသာပါတယ်၊ဒါဟာ အကြီးစားပြိုင်ပွဲတစ်ခုမှာ နှစ်ယောက်တွဲအဖြစ် ပထမဆုံးအကြိမ် တွဲဖက်ကစားခြင်းဖြစ်ပြီး ခြောက်လခန့် အတူတကွ လေ့ကျင့်ခဲ့ကြပါတယ်၊ ပြိုင်ဘက်တွေရဲ့ ကစားဟန်နဲ့နည်းဗျူဟာတွေကို လေ့လာဖို့ သူတို့ရဲ့ ပွဲစဉ်ဗီဒီယိုတွေကို မကြာခဏ ကြည့်ရှုလေ့လာခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။
“ကျွန်မရဲ့ရည်မှန်းချက်ကတော့ တစ်ဦးချင်းပြိုင်ပွဲနဲ့ အမျိုးသား၊အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ နှစ်မျိုးစလုံးမှာ ရွှေတံဆိပ်ဆုရရှိဖို့ပါပဲ” ဟု Matsushima က ထပ်မံပြောကြားခဲ့သည်။ (Xinhua)

…………….
(English Version)
Chinese paddlers make winning singles starts at Dakar YOG
DAKAR, Nov. 1 (Xinhua) -- China's Li Hechen and Yao Ruixuan made strong starts to their singles campaigns at the Dakar 2026 Youth Olympic Games (YOG) on Sunday, although the pair later missed out on a place in the mixed doubles semifinals.
Yao swept Venezuela's Dakota Ferrer and Algeria's Tania Morice 3-0 in the women's singles group stage, while Li beat Germany's Jonas Rinderer 3-0 and Türkiye's Gorkem Ocal 3-1 in the men's singles, giving both Chinese players two wins.
"I hope I can play more freely in the coming matches," Yao said, adding that the Youth Olympics presented a greater challenge than other tournaments, as she was China's only female table tennis player at the Games.
"I felt nervous as soon as I entered the Youth Olympic Village and sensed the atmosphere of the competition. I hope to gradually overcome that feeling through each match," said the 17-year-old Li.
Li said it was his first visit to Africa and his first time attending the opening ceremony of a major multisport event. "There were so many people, and the atmosphere was fantastic. It was really impressive," he said.
He has also enjoyed interacting with athletes from other countries and regions, including training alongside a Thai player.
In the mixed doubles, however, Li and Yao lost to Japan's Ryuusei Kawakami and Miku Matsushima in four games in a 39-minute quarterfinal.
"Our opponents were among the favorites to win the title, but we managed to play our own game. We're really happy to have come away with the win. This was our first time partnering in a major competition, and we've been training together for about six months. We often watch videos of our opponents' matches to study their playing styles and work out strategies," Kawakami said.
"My goal is to win two gold medals in both the singles and mixed doubles events," Matsushima added.
Photo caption (1): Li Hechen of China hits a return during the men's singles group match of table tennis against Jonas Rinderer of Germany at the Dakar 2026 Youth Olympic Games in Diamniadio, Senegal, Nov. 1, 2026. (Xinhua/Wang Dongzhen)
Photo caption (2): Li Hechen/Yao Ruixuan (R) of China in action during the mixed doubles round of 16 match of table tennis against August Xiao/Han Anzhuo of New Zealand, Oct. 31, 2026. (Xinhua/Na Yuqi)