
ပဲရစ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၃၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ WTT Champions Montpellier စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ် တက်ရောက်ခွင့်ကို တရုတ်နိုင်ငံမှ ကစားသမားများက သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဆီဒင်-၂ စွန်းရင်ဆားက ဂျပန်နိုင်ငံမှ ဟိနာ ဟာယာတကို ၄-၃ ပွဲဖြင့် အနိုင်ရရှိကာ ၎င်း၏ ရှုံးပွဲမရှိမှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
အောက်တိုဘာ ၃၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်မတိုင်မီကလည်း စွန်းသည် ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံခဲ့သည့် ပွဲစဉ် ၂၁ ပွဲစလုံးတွင် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးနှစ်ပွဲမှာ ၂၀၂၆ အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲတွင် တစ်ဦးချင်းနှင့် အသင်းလိုက်ပွဲစဉ်များ၌ ရင်ဆိုင်ကစားခဲ့ခြင်းဖြစ်သည်။
စွန်းက အစောပိုင်းတွင် ပွဲကိုကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး ပထမနှစ်ပွဲတွင် ၁၁-၇၊ ၁၁-၉ မှတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း ဟာယာတက ၁၁-၉၊ ၁၃-၁၁ မှတ်ဖြင့် ပြန်လည်အနိုင်ယူခဲ့ရာ နှစ်ပွဲစီ သရေရလဒ် ထွက်ပေါ်နေခဲ့သည်။
တရုတ်ကြယ်ပွင့်ကစားသမား စွန်းက ပဉ္စမပွဲတွင် ၁၁-၈ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဟာယာတက ဆဌမပွဲတွင် ၁၁-၉ မှတ်ဖြင့် ပြန်လည်အနိုင်ယူခဲ့ရာ ၎င်းတို့နှစ်ဦးအကြား ၇ ပွဲ ယှဉ်ပြိုင်ကစားသည့်စနစ်ဖြင့် ပထမဆုံးအကြိမ် အနိုင်အရှုံးအဆုံးအဖြတ် ခံယူခဲ့ရသည်။ ထို့နောက် စွန်းက ဖိအားများအောက်တွင် တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့ပြီး ၁၁-၉ မှတ်ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
"ဒီပွဲက ကျွန်မတို့ ကစားခဲ့ဖူးသမျှထဲမှာ အကြိတ်အနယ်အရှိဆုံး ပွဲစဉ်ပါပဲ။ ကျွန်မတို့နှစ်ယောက်စလုံး အကောင်းဆုံးလက်စွမ်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်" ဟု စွန်းက ပြောကြားခဲ့သည်။ "ပြီးခဲ့တဲ့ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းတွေ ဘယ်လိုပဲရှိခဲ့ရှိခဲ့၊ သူ့နဲ့ယှဉ်ပြိုင်ရတဲ့ အကြိမ်တိုင်းမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေအတွက် အပြည့်အဝ ပြင်ဆင်ထားခဲ့တယ်။ ဟာယာတက ဇွဲသတ္တိရှိမှုကို ပြသသွားခဲ့တယ်။ ၄ ပွဲပြတ်နဲ့ နိုင်ရင်တော့ ပိုကောင်းတာပေါ့ရှင်။ ပွဲရလဒ်က ၄-၁၊ ၄-၂ ဒါမှမဟုတ် ဒီနေ့လိုမျိုး ၄-၃ ပဲဖြစ်ဖြစ် ဘယ်ရလဒ်ကိုမဆို ကျွန်မကျေနပ်ပါတယ်။ ကျွန်မ ရမှတ်တစ်မှတ်ချင်းစီအတွက် အစွမ်းကုန်ကြိုးစားခဲ့တာပါ" ဟုလည်း ၎င်းက ပြောသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်၌ စွန်းမှာ Chen Xingtong ကို ၇ ပွဲ အကြိတ်အနယ်ကစားကာ နှာတစ်ဖျားအသာဖြင့် အနိုင်ရခဲ့သည့် တစ်နိုင်ငံတည်းသူ ဝမ်ရိသီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

..................................
(English Version)
Sun edges Hayata, China secures women's singles title at WTT Champions Montpellier
PARIS, Oct. 31 (Xinhua) -- Second seed Sun Yingsha extended her unbeaten run against Japan's Hina Hayata with a 4-3 victory as China swept the women's singles semifinal spots at the 2026 WTT Champions Montpellier on Saturday.
Sun had won their previous 21 encounters entering Saturday's duel, with the latest two coming from both singles and team events at the 2026 Asian Games in Aichi-Nagoya.
Sun was in cruise control at the beginning, triumphing 11-7, 11-9 in the first two games, while Hayata pulled level at 2-2 by winning 11-9, 13-11.
The Chinese star won the fifth game 11-8, before Hayata took the sixth game 11-9 and forced a decider, the first between them in a seven-game format. Sun then held firm under pressure, securing her spot in the last four with an 11-9 win.
"It was the closest match that we have played. Both of us played at our best level," said Sun. "Despite the head-to-head record, I made full preparations for the difficulties every time against her. Hayata showed her tenacity. A 4-0 would have been better, but 4-1, 4-2, or even 4-3 like today, I can settle for any result. I just fought point by point."
Sun will take on compatriot Wang Yidi, who also edged Chen Xingtong in a seven-game thriller.
Photo caption 1: Sun Yingsha celebrates during the women's singles quarterfinal against Hina Hayata at the 2026 WTT Champions Montpellier on Oct. 31, 2026. (Xinhua/Wu Huiwo)
Photo caption 2: Wang Yidi of China hits a return during the women's singles quarterfinal match between Chen Xingtong of China and Wang Yidi of China at the WTT Champions Montpellier 2026 in Montpellier, France, on Oct. 31, 2026. (Xinhua/Wu Huiwo)