ရန်ကုန် အောက်တိုဘာ ၂၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal ၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ် (၆) ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဒဂုံစတားယူနိုက်တက်အသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ် (၆) အဖြစ် အောက်တိုဘာ ၃၀ ရက်တွင် သီဟဒီပကွင်း၌ အား/ကာ သိပ္ပံအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ မြဝတီအသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ပုသိမ်ကျောက်တိုင်ကွင်း၌ ဧရာဝတီယူနိုက် တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ နိုဝင်ဘာ ၁ ရက်တွင် ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် Chinland အသင်း၊ သီဟဒီပကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် AFC Challenge League ပြိုင်ပွဲကြောင့် ပြိုင်ဘက်အသင်းများထက် နှစ်ပွဲစီလျော့နေသည့် ရှမ်းယူနိုက် တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ပွဲစဉ်များ ပြန်လည်ပါဝင်လာမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီပထမဆုံး အိမ်ကွင်းပွဲအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရှုံးပွဲမရှိဘဲ ရပ်တည်နေသည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သည်။ နည်းပြချုပ်သစ် ဦးချစ်နိုင်လက်ထက်တွင် ပုံစံကောင်းပြသနေသည့် ဒဂုံစတားယူနိုက်တက်အသင်းကို လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။
ပွဲစဉ် (၅) အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရန်ကုန်စီးတီးအသင်းက ၁၁ မှတ်၊ ရတနာပုံအသင်းက ၁၀ မှတ်၊ ရှမ်း ယူနိုက်တက်အသင်းက ခုနစ်မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ခြောက်မှတ်၊ သစ္စာအားမာန်အသင်းက ငါးမှတ်၊ Chinland အသင်း၊ အား/ကာသိပ္ပံ အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့က လေးမှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်၊ မြဝတီအသင်းက တစ်မှတ်ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် သုံးပွဲစီ၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းတို့မှာ လေးပွဲစီသာ ကစားရသေးသည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MLeague