





ပခုက္ကူ၊ နိုဝင်ဘာ ၂
၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ၇ရက်နေ့တွင်ကျရောက်မည့် (၃၈)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအုပ်စုခွဲခြင်းများဆောင်ရွက်ပေးကြပြီး ပခုက္ကူခရိုင်/မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်မိသားစုဝင်စုစုပေါင်း(၈၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကြည်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာကြက်ဥများ၊ Royal-D အချိုရည်များ၊ ငှက်ပျောသီးနှင့်အားဆေးများကို အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ၂၀၂၆ခုနှစ်၊ (၃၈)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့၊ ဒေါ်ဦးဇွန်းဘိုးဘွားရိပ်သာသို့သွားရောက်ကာ သက်ကြီးဘိုးဘွား ၂၂ဦးတို့အား အစားအသောက်၊ ဆေးဝါးနှင့်ထောက်ပံ့ ငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar