Eleven Media Group

၂၀၂၇ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း သင်္ကြန်ပိတ်ရက် ၉ ရက်အပါအဝင် ရုံးပိတ်ရက်ပေါင်း ၃၄ ရက်ထိရှိ

၂၀၂၇ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း သင်္ကြန်ပိတ်ရက် ၉ ရက်အပါအဝင် ရုံးပိတ်ရက်ပေါင်း ၃၄ ရက်ထိရှိကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၂၇ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ ဖော်ပြပါနေ့ရက်များမှာ အများပြည်သူတို့၏ အလုပ်ပိတ်ရက်များဖြစ်ကြောင်း ကြေညာလိုက်ကြောင်း သိရသည်။

ယင်းပိတ်ရက်များမှာ ဇန်နဝါရီ ၁ ရက် (နိုင်ငံတကာနှစ်သစ်ကူးနေ့)၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)၊ ဇန်နဝါရီ ၈ ရက် (ကရင်နှစ်သစ်ကူးနေ့)၊ ဖေဖော်ဝါရီ ၇ ရက် (တရုတ်နှစ်သစ်ကူးနေ့)၊ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)၊ မတ် ၁ ရက်နှင့် ၂ ရက် (တောင်သူလယ်သမားနေ့ရုံးပိတ်ရက်များ)၊ မတ် ၂၂ ရက် (တပေါင်းလပြည့်နေ့)၊ မတ် ၂၇ ရက် (တပ်မတော်နေ့)၊ ဧပြီ ၁၀ ရက်မှ ၁၈ ရက်အထိ (မြန်မာနှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်များ)၊ မေ ၁ ရက် (အလုပ်သမားနေ့)၊ မေ ၂၀ ရက်နှင့် ၂၁ ရက် (ကဆုန်လပြည့်နေ့ရုံးပိတ်ရက်များ)၊ ဇူလိုင် ၁၈ ရက် (ဝါဆိုလပြည့်နေ့)၊ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)၊ အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ (သီတင်းကျွတ်ရုံးပိတ်ရက်များ)၊ နိုဝင်ဘာ ၁၃ ရက် (တန်ဆောင်မုန်းလပြည့်နေ့)၊ နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက် (အမျိုးသားအောင်ပွဲနေ့ရုံးပိတ်ရက်များ)၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ်စမတ်နေ့)၊ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် (ကရင်နှစ်သစ်ကူးနေ့ရုံးပိတ်ရက်များ) စသည်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ အီဒုလ်အသွဟာနေ့နှင့် ဒီပါဝလီနေ့များအတွက် တစ်ရက်စီပိတ်မည်ဖြစ်ပြီး ကျရောက်မည့် နေ့ရက်များကို သီးခြားကြေညာမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဘဏ်ပိတ်ရက်များကို သက်ဆိုင်ရာအဖွဲ့အစည်းက ကြေညာမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group