
နိုဝင်ဘာ - ၂ ( တနင်္လာနေ့ )
ဘူလ်ဂေးရီးယား နိုင်ငံမှာ ဥရောပသမဂ္ဂ မကြိုက်တဲ့ အစိုးရရဲ့ ထောက်ခံမှုကို ရထားတဲ့ ယာယီသမ္မတ အီလီယာနာ ယိုတိုဗာ ဟာ သမ္မတရွေးကောက်ပွဲရဲ့ ဒုတိယအကျော့ မှာ အနောက်နိုင်ငံလိုလားတဲ့ ကိုယ်စားလှယ် အန်ဒရေး ဂျူရော့ ကို မဲဆန္ဒ ရာခိုင်နှုန်း ဆယ်ဂဏန်းနဲ့ အသာစီးရနေပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီပေးတာကို ကန့်ကွက်သူတစ်ဦးဖြစ်တဲ့ ယိုတိုဗာဟာ မဲအရေအတွက် ၉၉.၆၈ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးသွားချိန်မှာ မဲဆန္ဒရှင်တွေရဲ့ ၅၇.၆၆ ရာခိုင်နှုန်းကို ရရှိထားပြီး၊ ပြိုင်ဘက် ဂျူရော့ကတော့ ၃၉.၃၈ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ယိုတိုဗာက မဲဆန္ဒရှင်တွေကိုရော၊ ဘူလ်ဂေးရီးယား ဝန်ကြီးချုပ် ရူမန် ရာဒက် နဲ့ သူရဲ့ "တိုးတက်သော ဘူလ်ဂေးရီးယား" ပါတီတို့ကိုပါ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
" မဲဆန္ဒရှင်တွေရဲ့ ဆန္ဒဟာ ကျမတို့အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပြောပြသမျှ စကားတွေကို ကျမတို့ နားထောင်သွားမှာ ဖြစ်လို့ပါပဲ" လို့ BTA သတင်းဌာနကို ယိုတိုဗာက ပြောပါတယ်။
"တိုးတက်သော ဘူလ်ဂေးရီးယား ပါတီကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ချင်ပါတယ်။ မစ္စတာ ရာဒက်၊ ရှင်သာ မပါရင် ကျမတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး" လို့ သူမက ဆက်ပြောပါတယ်။
မေလက ရာထူးစတင်တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် ရာဒက်ဟာ ယူကရိန်းကို လက်နက်တင်ပို့တာတွေကို ရပ်ဆိုင်းခဲ့ပြီး၊ ရုရှားနဲ့ ဖြစ်လာနိုင်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အပြီးမှာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးဖို့ ကတိပြုထားတဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ ဦးဆောင်တဲ့ "ဆန္ဒတူမဟာမိတ်အဖွဲ့" ကနေ ဘူလ်ဂေးရီးယားနိုင်ငံကို နုတ်ထွက်စေခဲ့ပါတယ်။
REF: RT
#News #Myanmar