
ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၆-၁၀-၂၀၂၆ ရက်မှ ၃၀-၁၀-၂၀၂၆ ရက်အထိ ကျင်းပခဲ့သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force-FATF)၏ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် FATF မှ ချမှတ်ထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ(Action Plan) ၁၅ ချက် အနက် ၁၃ ချက်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး FATF က အများပြည်သူသို့ ထုတ်ပြန်ကြေညာချက်အား ၃၀-၁၀-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ပြည်ပရောက် မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးသွားရန် အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျန်ရှိသည့် အချက် ၂ ချက်အား ပြီးပြတ်အောင် ဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ငွေကြေး စီးဆင်းမှုများကို ထိထိရောက်ရောက်တားဆီးရေး တိုက်တွန်းထားသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဦးဆောင်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ FATF အဖွဲ့ဝင် နိုင်ငံကြီးများက ထောက်ခံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က သတင်းထုတ်ပြန်ထားသည်။
#News #Myanmar