Xinhua Myanmar

မက္ကဆီကိုစီးတီး ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် ဗာစတက်ပန် အနိုင်ရခဲ့သော်လည်း အန်တိုနယ်လီ အသက်အငယ်ဆုံး ဖော်မြူလာဝမ်းချန်ပီယံဖြစ်လာ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ အော်တိုဒရိုမို ဟာမန်နို့စ် ရော့ဒရီဂက်ဇ် ပြိုင်ကွင်း၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က ကျင်းပသော ဖော်မြူလာဝမ်း မက္ကဆီကိုစီးတီးဂရင်းပရီ ကားမောင်းပြိုင်ပွဲအပြီးတွင် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးသွားသည့် မာစီဒီးစ်အသင်းမှ အီတလီဒရိုင်ဘာ ကီမီ အန်တိုနယ်လီ (အပေါ်) က ရက်ဘူးလ်အသင်းမှ နယ်သာလန်ဒရိုင်ဘာ မက်စ် ဗာစတက်ပန် (ဝဲ)၊ ဖာရာရီအသင်းမှ ဗြိတိန်ဒရိုင်ဘာ လူးဝစ်စ် ဟာမီလ်တန်တို့နှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၁ ရက်က ကျင်းပခဲ့သည့် မက္ကဆီကိုစီးတီး ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် မာစီဒီးစ်အသင်းမှ ကီမီ အန်တိုနယ်လီက တတိယနေရာမှ ပန်းဝင်ခဲ့ပြီးနောက် ဖော်မြူလာဝမ်းပြိုင်ပွဲသမိုင်းတွင် အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ကာ အီတလီနိုင်ငံအတွက် ၇၃ နှစ်ကြာ ဝေးကွာနေခဲ့သည့် ဒရိုင်ဘာချန်ပီယံဆုကို ပြန်လည်ရယူပေးခဲ့သည်။

အသက် ၂၀ အရွယ် အန်တိုနယ်လီမှာ ယခုရာသီ၌ ပြိုင်ပွဲ ၄ ပွဲ ယှဉ်ပြိုင်ရန် ကျန်ရှိနေချိန်မှာပင် ၎င်း၏ ပထမဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဆီဘက်ရှန် ဗက်တဲလ် တင်ရှိထားသော ယခင်စံချိန်ကို ၃ နှစ်ကျော်ဖြင့် ချိုးဖျက်နိုင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အယ်လ်ဘာတို   အက်စ်ကာရီ နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည့် အီတလီနိုင်ငံသား ဖြစ်လာခဲ့သည်။

အော်တိုဒရိုမို ဟာမန်နို့စ် ရော့ဒရီဂက်ဇ် ပြိုင်ကွင်း၌ ကျင်းပသည့် အဆိုပါပြိုင်ပွဲတွင် ရက်ဘူးလ်အသင်းမှ မက်စ် ဗာစတက်ပန်က ဖာရာရီအသင်းမှ လူးဝစ်စ် ဟာမီလ်တန်ကို ဝ.၇၉၉ စက္ကန့်အသာဖြင့် ရှေ့ဆုံးမှပန်းဝင်ခဲ့သော်လည်း အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ပရိသတ်များ၏ အာရုံစိုက်မှုကို အန်တိုနယ်လီက အပြည့်အဝရယူထားနိုင်ခဲ့ပြီး ၎င်း၏တည်ငြိမ်သည့် မောင်းနှင်မှုကြောင့် လက်စွမ်းမငြိမ်သေးသော မျက်နှာသစ် လူငယ်ဒရိုင်ဘာလေးတစ်ဦးအဖြစ်မှ ဖော်မြူလာဝမ်း၏ ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံအဖြစ်သို့ အံ့အားသင့်ဖွယ် ကူးပြောင်းနိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ရက်ဘူးလ်အသင်းနှင့်အတူ အသက် ၂၃ နှစ်နှင့် ၁၃၄ ရက် အရွယ်တွင် ပထမဆုံးချန်ပီယံဆု ရရှိခဲ့သည့် ဗက်တဲလ်၏ စံချိန်ကို အန်တိုနယ်လီက အသက် ၂၀ နှစ်နှင့် ၆၈ ရက်အရွယ်မှာပင် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါရလဒ်မှာ မာစီဒီးစ်အသင်း၏ အခြေအနေကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။ အန်တိုနယ်လီမှာ F1 ပြိုင်ပွဲသို့ စတင်ဝင်ရောက်ခဲ့သည့် ၂၀၂၅ ခုနှစ် ပထမဆုံးရာသီတွင် အသင်းဖော် ဂျော့ဂျ် ရပ်ဆဲလ်၏ အမှတ်ရရှိမှုနှင့် စွမ်းဆောင်ရည်ကို လုံးဝမယှဉ်နိုင်ခဲ့ဘဲ ၎င်းအနေဖြင့် F1 သို့ ကူးပြောင်းလာခြင်းမှာ အချိန်စောလွန်းနေသလားဆိုသည့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ၁၂ လအကြာတွင် အဆိုပါ အီတလီဒရိုင်ဘာက သံသယများကို ပြတ်ပြတ်သားသားချေဖျက်ပြခဲ့ပြီး မာစီဒီးစ်အသင်း၏ ပထမဦးစားပေး ဒရိုင်ဘာအဖြစ် ရပ်တည်နိုင်စွမ်းရှိကြောင်း ပြသနိုင်ခဲ့ကာ ၎င်းထက် အတွေ့အကြုံပိုများသည့် အသင်းဖော် ဗြိတိန်ဒရိုင်ဘာ ရပ်ဆဲလ်၏ လောင်းရိပ်အောက်မှ အကောင်းဆုံး ရုန်းထွက်ပြနိုင်ခဲ့သည်။

အန်တိုနယ်လီအနေဖြင့် ယခုရာသီ၏ ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည့် တရုတ်ဂရင်းပရီတွင် ၎င်း၏ ပထမဆုံးအောင်ပွဲကို ရယူနိုင်ခဲ့ပြီးနောက် အံ့အားသင့်ဖွယ် အနိုင်ရလဒ်များကို ဆက်တိုက်ဖော်ဆောင်နိုင်ခဲ့ကာ ချန်ပီယံဆုဆွတ်ခူးနိုင်ရန် ရေပန်းအစားဆုံး ဒရိုင်ဘာဖြစ်လာခဲ့သည်။

မက္ကဆီကိုစီးတီးတွင် စတုတ္ထနေရာမှ စတင်တာထွက်ခဲ့သည့် အန်တိုနယ်လီမှာ ချန်ပီယံဆုဆွတ်ခူးနိုင်ရေးအတွက် အဆင့်-၉ အတွင်း ပန်းဝင်နိုင်ရန်သာ လိုအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုများကို ဂရုတစိုက် ရှောင်ကွင်းမောင်းနှင်နိုင်ခဲ့ပြီး အနီရောင်အလံ ပြသအပြီး ပွဲပြန်လည်စတင်ချိန်တွင် ဖာရာရီအသင်းမှ ချားလ်စ် လက်ကလဲကို ကျော်တက်ကာ တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။

"ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ အားလုံးကို အများကြီးကျေးဇူးတင်ပါတယ်" ဟု အန်တိုနယ်လီက ၎င်း၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရင်း ပြောကြားခဲ့သည်။

"မာစီဒီးစ်အသင်းနဲ့ ကျွန်တော့်မိသားစုသာ မရှိရင် ကျွန်တော် ဒီနေရာကို ရောက်လာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီအခိုက်အတန့်အတွက် တကယ့်ကိုကျေးဇူးတင်ပြီး ဒါဟာ တစ်သက်လုံး အောက်မေ့သတိရနေမယ့် အမှတ်တရပါပဲ" ဟု ပြိုင်ပွဲအပြီးတွင် ၎င်းက ပြောကြားခဲ့သည်။

မာစီဒီးစ်အသင်းအနေဖြင့် အသင်းလိုက်ချန်ပီယံဆု (constructors' championship) ကို သိမ်းပိုက်နိုင်ရန်လည်း လမ်းကြောင်းမှန်ပေါ်၌ ဆက်ရှိနေဆဲဖြစ်ပြီး လာမည့်သီတင်းပတ်၌ ကျင်းပမည့်‌ ဆော်ပိုလို ဂရင်းပရီပြိုင်ပွဲမတိုင်မီ ဒုတိယနေရာမှ ဖာရာရီအသင်းကို ၁၂၆ မှတ်အကွာဖြင့် ဦးဆောင်လျက်ရှိသည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ အော်တိုဒရိုမို ဟာမန်နို့စ် ရော့ဒရီဂက်ဇ် ပြိုင်ကွင်း၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က ကျင်းပသော ဖော်မြူလာဝမ်း မက္ကဆီကိုစီးတီးဂရင်းပရီ ကားမောင်းပြိုင်ပွဲအပြီးတွင် မာစီဒီးစ်အသင်းမှ အီတလီဒရိုင်ဘာ ကီမီ အန်တိုနယ်လီ (ဝဲ) နှင့် ရက်ဘူးလ်အသင်းမှ နယ်သာလန်ဒရိုင်ဘာ မက်စ် ဗာစတက်ပန်တို့ အတူအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Antonelli becomes youngest F1 champion as Verstappen wins Mexico City GP

BEIJING, Nov. 2 (Xinhua) -- Mercedes' Kimi Antonelli became the youngest world champion in Formula 1 history on Sunday after finishing third in the Mexico City Grand Prix, ending Italy's 73-year wait for a drivers' title.

The 20-year-old secured his maiden championship with four races to spare, eclipsing Sebastian Vettel's previous record by more than three years and becoming the first Italian to win the title since Alberto Ascari claimed his second consecutive crown in 1953.

Red Bull's Max Verstappen won a chaotic race at the Autodromo Hermanos Rodriguez, holding off Ferrari's Lewis Hamilton by 0.799 seconds, but the afternoon belonged to Antonelli, whose composed drive completed a remarkable transformation from an inconsistent rookie into Formula 1's newest champion.

At 20 years and 68 days old, Antonelli broke the record set by Vettel, who was 23 years and 134 days old when he won his first championship with Red Bull in 2010.

It also marked a striking reversal of fortunes within Mercedes. In his debut season in 2025, Antonelli had been comprehensively outscored and outperformed by teammate George Russell, raising questions over whether his promotion to F1 had come too soon.

Twelve months later, the Italian has emphatically answered those doubts, establishing himself as Mercedes' leading driver and leaving his more experienced British teammate firmly in the shade.

Antonelli claimed his maiden Grand Prix victory in China, the second round of the season, before embarking on a remarkable run of success that established him as the championship favorite.

Starting fourth in Mexico City, Antonelli needed only to finish ninth to secure the crown. He remained largely clear of the incidents that disrupted the race before overtaking Ferrari's Charles Leclerc following a red-flag restart to move into third place.

"We did it! Thank you so much," Antonelli said, struggling to contain his emotions.

"I wouldn't be here without Mercedes, without my family, so I'm very grateful for this moment and it's one that will live forever," he added after the race.

Mercedes also remains on course for the constructors' championship, holding a 126-point advantage over Ferrari ahead of next weekend's Sao Paulo Grand Prix.

Photo caption 1: Mercedes' Kimi Antonelli (top) of Italy celebrates being crowned the Formula One World Champion with Red Bull Racing's Max Verstappen (L) of the Netherlandsand and Ferrari's Lewis Hamilton of Britain at the Autodromo Hermanos Rodriguez in Mexico City, Mexico, Nov. 1, 2026. (Photo by Francisco Canedo/Xinhua)

Photo caption 2: Mercedes' Kimi Antonelli (L) of Italy and Red Bull Racing's Max Verstappen of the Netherlands celebrate together after the Formula One Mexico City Grand Prix at the Autodromo Hermanos Rodriguez in Mexico City, Mexico, Nov. 1, 2026. (Photo by Francisco Canedo/Xinhua)

မူရင်းသတင်း — Xinhua Myanmar