ဘားအံ နိုဝင်ဘာ ၂
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၈) နှစ်မြောက် ဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကရင်ပြည်နယ် ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ပြည်နယ် ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ် တိုးချဲ့လူနာဆောင်၌ စုပေါင်း သွေးလှူဒါန်းကြသည်။
သွေးလှူဒါန်းပွဲတွင် ပြည်နယ် ပြည်သူ့ဆေးရုံကြီး (ဘားအံ)မှ ကျန်းမာရေး ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကို ကိုယ်အလေး ချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် သွေးလှူဒါန်းနိုင်ရန် လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးမှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူက ကြည့်ရှု အားပေးပြီး သွေးလှူရှင်များကို အာဟာရ ဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်ကာလတွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုပ်ချုပ်ရေးယန္တရား ပိုမို အားကောင်းလာစေရန်နှင့် ပိုမိုကောင်းမွန်သော ပြည်သူ့ ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် မိမိတို့ကျရာကဏ္ဍ အသီးသီးမှ တာဝန်သိသိ သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်စွာ ဆက်လက်သယ်ပိုး ထမ်းရွက်သွား ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းများတွင် ထူးချွန်ဆု ရရှိကြသူများကို ဂုဏ်ပြုဆု၊ ဝန်ထမ်းများအား တူညီဝတ်စုံ၊ ချီးမြှင့်ငွေနှင့် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော အခြေခံစားကုန်များ ကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများအား တူညီဝတ်စုံနှင့်အခြေခံ စားကုန်များကို ချီးမြှင့်ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)