ရန်ကုန် နိုဝင်ဘာ ၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့ကကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့က အဓိကပံ့ပိုးကူညီသည့် ၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၂) ပထမနေ့ကို နိုဝင်ဘာ ၂ ရက်က ဆက်လက်ကျင်းပရာ ဇယားထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက Galaxy အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့် တစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုတစ်ပတ်တွင်လည်း မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Galaxy အသင်းကို အနိုင်ယူကာ ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၄၆ မိနစ်တွင် ကျော်သီဟက သွင်းယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအကျော့ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည့် ကျော်သီဟကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် နှစ်သိန်းရရှိသည်။ တောင်ဒဂုံကွင်း၌ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက စစ်ကိုင်းယူနိုက်တက်အသင်း ကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ အပြန်အလှန် သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ရတနာပုံအသင်းက နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းအတွက် ဂိုးများကို ၄၅+၁ မိနစ်တွင် ဇော်လင်းအောင်၊ ၄၈ မိနစ်တွင် မင်းထက်သာ၊ ၆၁၊ ၈၇ မိနစ်တွင် စိုးမောင်မောင်တို့က သွင်းယူပြီး စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးများကို ၃၅၊ ၇၇ မိနစ်တွင် ပိုင်သက်ဦး၊ ၃၇ မိနစ်တွင် မျိုးသူလွင်တို့က သွင်းယူသည်။
ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရတနာပုံအသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့သည့် စိုးမောင်မောင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းရရှိသည်။ သန်လျင်သီဟဒီပကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံစတား ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲအစ ၇ မိနစ်တွင် ကောင်းခန့်ကျော်က ဧရာဝတီယူနိုက်တက်အသင်းအတွက် ဂိုး စတင်သွင်းယူခဲ့သော်လည်း ၁၆ မိနစ်တွင် ထွန်းထက်ကျော်က ဒဂုံစတားယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းသဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျနေသည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၅၈၊ ၆၆ မိနစ်တွင် ညီနိုင်၊ ၈၂ မိနစ်တွင် ဇေဘိုဘိုထွဋ်၊ ၉၀+၂ မိနစ်တွင် သူရိန်ဝင်းတို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ဒဂုံစတားယူနိုက်တက်အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့သည့် ညီနိုင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းရရှိသည်။
ပွဲစဉ်(၂၂) ဒုတိယနေ့ကို နိုဝင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ တောင်ဒဂုံကွင်း၌ သစ္စာအားမာန်အသင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - M League