ပဲခူး နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် သမဝါယမအသင်းစုခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နေလင်းညို တက်ရောက်ပြီး တိုင်းဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌက သမဝါယမအသင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သမဝါယမအသင်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အသင်း၏ အမှုဆောင် ဒါရိုက်တာ ငါးဦးနှင့် အသင်းစာရင်းစစ်နှစ်ဦးတို့အား တက်ရောက်လာသော အသင်းသားများ၏ အဆိုပြု ထောက်ခံချက်များအတိုင်း ရွေးချယ်အတည်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)