စစ်တွေ နိုဝင်ဘာ ၂
(၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေ မြို့ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးနှင့် ဇနီးတို့ကသွေးလှူဒါန်း ကြမည့်ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကြပြီး သွေးလှူဒါန်းကြသည့် ဝန်ထမ်းများကို အာဟာရဖြည့်စွက်စာများနှင့် ဆေးဝါးများ ပေးအပ်ကြသည်။
ဆက်လက်၍ သွေးလှူဒါန်းရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ပြီး ဆေးရုံကြီးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်း စုစုပေါင်း၂၆ ဦးတို့က စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)