Myanmar Digital News

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၁၀၀) သင်တန်းဖွင့်

ရန်ကုန် နိုဝင်ဘာ ၂

 

စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ် (၁၀၀)၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ် ဦးကျော်ထွေး က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

 

စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ် (၁၀၀)သို့ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများ မှ သင်တန်းသား ၄၁ ဦး၊ သင်တန်းသူ ၆၉ ဦး စုစုပေါင်း ၁၁၀ တက်ရောက်ပြီး နိုဝင်ဘာ ၂ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၇ ရက်ထိ သင်တန်းကာလ ၁၀ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News