Myanmar Digital News

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်      နိုဝင်ဘာ    ၂

ဘိလိယက်နှင့်စနူကာ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်  ရည်ရွယ်၍  အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး    အားကစားနှင့်ကာယပညာဦးစီးဌာန၊   မြန်မာနိုင်ငံ ဘိလိယက်နှင့်  စနူကာအဖွဲ့ချုပ်နှင့်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍  ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ”ကို  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်   အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြိုင်ပွဲ    ပွဲစဉ်များအဖြစ်  အမျိုးသား/အမျိုးသမီး စနူကာ 6-Red, စနူကာ 15-Red, 9 Ball  Pool နှင့် ဘိလိယက်ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားပြိုင်ပွဲ  ပွဲစဉ်များအဖြစ် စနူကာ 15-Red ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နိုင်ဝင်းက မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်ဝင်းလှိုင်ကို ရလဒ် သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးအသင်းမှ သန်းဇော်ထွန်းက  ကရင်ပြည်နယ်အသင်းမှ ကျော်မင်းထွန်းကို ရလဒ် သုံးပွဲ - တစ်ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ကမ္ဘာလင်းက ကချင်ပြည်နယ်အသင်းမှ ကိုကိုအောင်ကို ရလဒ် သုံးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ညီညီမောင်က ချင်းပြည်နယ်အသင်းမှ အာကာလင်းကို ရလဒ်သုံးပွဲ - နှစ်ပွဲဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မာန်ဟိန်းကျော်က မွန်ပြည်နယ်အသင်းမှ သက်မောင်မောင်ကို ရလဒ် သုံးပွဲ- ပွဲမရှိဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ငြိမ်းပြည့်ဖြိုးက ကရင်ပြည်နယ်အသင်းမှ စိုးသန့်ဇင်ကို ရလဒ် သုံးပွဲ - တစ်ပွဲဖြင့်လည်းကောင်း၊  စနူကာ 6-Red ပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ သျှံထွန်းအောင်က ကချင်ပြည်နယ်အသင်းမှ ကျော်ကျော်ကို ရလဒ် လေးပွဲ - သုံးပွဲဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းမှ ကျော်စွာလင်းက  ပဲခူးတိုင်းဒေသကြီးအသင်းမှ ပြည့်ဖြိုးသိန်းကို ရလဒ် လေးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရဲထွဋ်နိုင်က မကွေးတိုင်းဒေသကြီးအသင်းမှ စိုင်းကိုကို ကို ရလဒ် လေးပွဲ- ပွဲမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မင်းစည် သူထွန်းက ကရင်ပြည်နယ်အသင်းမှ သော်တာမင်းကို ရလဒ် လေးပွဲ - သုံးပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သူရဇော်က  စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကျော်စွာဝင်းကို ရလဒ် လေးပွဲ - တစ်ပွဲဖြင့်လည်းကောင်း၊  ရှမ်းပြည်နယ်အသင်းမှ ဖီးအီက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းမှ ချစ်မိုးကို ရလဒ် လေးပွဲ -  တစ်ပွဲဖြင့်လည်းကောင်း၊ 9 Ball Pool ပြိုင်ပွဲတွင်  ကချင်ပြည်နယ်အသင်းမှ  အောင်မြင့်က  ချင်ပြည်နယ်အသင်းမှ လွင်မိုးဦးကို ရလဒ် ခုနစ်ပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊  ရှမ်းပြည်နယ်အသင်းမှ စိုင်းကွမ်းမိုင်းက မွန်ပြည်နယ်အသင်းမှ နေမင်းထွန်းကို ရလဒ် ခုနစ်ပွဲ - တစ်ပွဲဖြင့် လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ဖြိုးက ရှမ်းပြည်နယ်အသင်းမှ စိုင်စုံစိုင်းကို ရလဒ် ခုနစ်ပွဲ - လေးပွဲဖြင့်လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခန့်မင်းထွန်းက ပဲခူးတိုင်းဒေသကြီးအသင်းမှ  သန်းထွန်းလွင်ကို ရလဒ်  ခုနစ်ပွဲ - ငါးပွဲဖြင့်လည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာဝင်းက မွန်ပြည်နယ်အသင်းမှ နေလင်းဦးကို ရလဒ် သုံးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ ဇော်လင်းနုက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဇင်မင်းကို ရလဒ် သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ သီဟံစိုးက ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တေဇာအောင်ကို ရလဒ် သုံးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းကိုကိုက ချင်းပြည်နယ်အသင်းမှ ခင်မောင်တင့်ကို ရလဒ် သုံးပွဲ - ပွဲမရှိဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ 

အလားတူ  အမျိုးသမီးပြိုင်ပွဲ   ပွဲစဉ်အဖြစ် စနူကာ 6-Red ပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စန်းစန်းမော်က ရှမ်းပြည်နယ်အသင်းမှ မြသက်မှူးကို ရလဒ် သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအသင်းမှ စန်းစန်းမော်က  တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ချစ်ရွှန်းလဲ့ကို ရလဒ် သုံးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ အေးအေးမြတ်က ကချင်ပြည်နယ်အသင်းမှ နော်သက်မွန်ကျော်ကို ရလဒ် သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အေမီအောင်က မကွေးတိုင်းဒေသကြီးအသင်းမှ ဆုပြည့်စုံကို ရလဒ် သုံးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ 9 Ball Pool ပြိုင်ပွဲတွင်  ချင်းပြည်နယ်အသင်းမှ ခင်စန္ဒာလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းမှ ခင်ဝိုင်းချစ်ကို ရလဒ် ငါးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ သန္တာတိုးအောင်က ရှမ်းပြည်နယ်အသင်းမှ ခိုင်မာအောင်ကို ရလဒ် ငါးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ မေချော့က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကေသီခိုင်ကို  ရလဒ် ငါးပွဲ - တစ်ပွဲဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီမှ စတင်၍ “တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ” ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့”  လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News