Myanmar Digital News

အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre)မှ ယာယီနေရပ်ရှောင် အိမ်ထောင်စုများအား လူသားချင်း စာနာမှု အကူအညီများပေးအပ်

 

လှိုင်းဘွဲ နိုဝင်ဘာ ၃

အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre) သည် ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်ရှောင် အိမ်ထောင်စုများအား ဆန်အိတ်၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတို့ကို မြိုင်ကြီးငူ အထူးဒေသရှိ အေးလင်းမြတ်ချယ်ဓမ္မာရုံ၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများကို ကရင်ပြည်နယ် ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးနှင့် ကော်မတီအဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဒေသခံကြက်ခြေနီ စေတနာလုပ်အားရှင်များ ပူးပေါင်း၍ မြိုင်ကြီးငူ အထူးဒေသရှိ ယာယီနေရပ်ရှောင် အိမ်ထောင်စုပေါင်း (၂၄၃၂) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် (၁)အိတ်၊ အိမ်ထောင်စုဝင် (၄) ဦးအထက်ရှိ အိမ်ထောင်စုများအတွက် မိသားစုသုံးပစ္စည်း (၁) စုံ၊ အိမ်ထောင်စုဝင် လူဦးရေအလိုက် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။ 

စောဒိ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News