
ပခုက္ကူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) စည်ပင်သာယာ မြို့မဈေးကြီး၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်း၊ မြို့မဈေးတာဝန်ခံ၊ ဈေးကော်မတီဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးခြင်း၊ ဈေးရောင်းဈေးဝယ် ပြည်သူများထံ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)