Myanmar National Post

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ (၄၀) ဦးကို လေကြောင်းမှ ပြန်လည်ပို့ဆောင်မည်





မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ (၄၀) ဦးကို ၄-၁၁-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)တွင် မြန်မာ့ လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် ဖော်ပြထားသည်။

ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူ မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံရှင်များထံမှ ပြန်လည်သိရှိရပါသဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာ အသိုက်အဝန်းများအနေဖြင့် သတိထား ဆောင်ရွက်နိုင်ပါရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးကြေညာထားခြင်းဖြစ်သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post