
၀ါရှင်တန်က အမေရိကန်သြဇာကို တိုးချဲ့ရေးနှင့် မြန်မာနိုင်ငံ၏မြေရှားသတ္တုသိုက်ကို ထုတ်ယူခွင့်ရနိုင်ရေးတို့အတွက် နည်းလမ်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး သံခင်းတမန်ခင်းကို အသုံးပြုရန် ရည်ရွယ်နေသည်ဟု မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက် အရ သိရသည်။
အမေရိကန်တာဝန်ရှိသူများက နေပြည်တော်၌ မြန်မာတာဝန်ရှိသူများနှင့် တိတ်တဆိတ်ဆွေးနွေးခဲ့သည့် အကြောင်းကို လွန်ခဲ့သောလတွင်ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းထောက်လှမ်းရေးတာဝန်ရှိသူ မိုက်ကယ်ဗင့် ပါဝင်ပတ်သက်နေသော ပြန်လည် ထိတွေ့ဆက်ဆံမှုသည် မြန်မာတပ်မတော်ကို အထီးကျန်ထားရန် ရည်ရွယ်သည့် နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သော အမေရိကန်မူဝါဒမှ ခွဲထွက်ခြင်းကို ပြသလိုက်ခြင်း ဖြစ်သည်။
ပဋိပက္ခ ဖြစ်ပွားနေသောဒေသများ၌ အဓိကတည်ရှိနေပြီး လတ်တလောတွင် တရုတ်နိုင်ငံသို့ တင်ပို့နေသော မြေရှားသတ္တုများထုတ်ယူခြင်းနှင့် သက်ဆိုင်သောကိစ္စများကို နေပြည်တော်၌ ဆွေးနွေးခဲ့သည် ဟု သိရသည်။
မြန်မာနိုင်ငံ၌ အမေရိကန်မစ်ရှင်အ တွက် ဘက်ပေါင်းစုံပါသော နိုင်ငံအဆင့် မဟာဗျူဟာသည် ထူးထူးခြားခြား ရှင်းရှင်းလင်းလင်းရှိနေသည်။ အမေရိကန်ကုမ္ပဏီ များက မြန်မာနိုင်ငံတွင် ခြေကုပ်ရရှိရေးအ တွက် မြန်မာလက်နက်ကိုင် အုပ်စု အများအပြားနှင့် ဆွေးနွေးရာတွင် ပါဝင်မည်ဟု ၀ါရှင်တန်က ဖော်ပြထားသည်။ လက်နက် ကိုင်အုပ်စုများထဲတွင် ဒီမိုကရေစီလိုလား သောအုပ်စုများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အတွက် တပ်မတော်ကို ဆယ်စုနှစ်ချီ တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်သည်။
မြန်မာအတွက် အမေရိကန်မစ်ရှင်သည် ၂၀၃၀ ပြည့်နှစ်တွင် အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်အတွက် လမ်းကြောင်း တစ်ခု ပေါ်လာစေမည့် အပစ်အခတ်ရပ်စဲ ရေးကို ဖော်ဆောင်ရန်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ယင်းသို့ ဖော်ဆောင်မည့်အချက်များ ထဲတွင် အနည်းဆုံးအကျိုးစီးပွားပတ်သက် ဆက်နွှယ်နေသူများ၏ဖိုရမ်သုံးကြိမ်ကျင်းပရေးလည်းပါဝင်ပြီး ယင်းဖိုရမ်များကျင်းပ ခြင်း ဖြင့်ခိုင်မာသောသဘောတူညီချက်များ သို့မဟုတ် မြန်မာနိုင်ငံ၌ ဘဏ္ဍာရေး ဖက်ဒရယ်ဝါဒ (fiscal federalism)နှင့် ပိုက်နက် နယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းတို့ကို ရှေ့ တိုးလုပ်ဆောင်နိုင်စေမည့် မူဝါဒ အဆိုပြု ချက်များပေါ်ထွက်လာမည်ဟုဆိုသည်။ သို့မှသာ မြန်မာနိုင်ငံ၏များပြားလှသောမြေရှား အရင်းအမြစ် များကို ထုတ်ယူရန်နှင့်ကျားဖျန့်ကို နှိမ်နင်း ရန် အခွင့်အလမ်း များကို ပေါ်လာမည်ဟု ဆိုသည်။
မဟာဗျူဟာ ထုတ်ပြန်ချက်၌ အမေရိ ကန်က ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည် သို့မဟုတ် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ကို အတားအဆီးဖြစ်စေသော အခြားလိုက် လျောပေးမည့်ကိစ္စများကို ဖြေရှင်းပေးခြင်းရှိ မရှိဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။
“ကျွန်တော်တို့က အရေးပါတဲ့အမေရိကန်ဦးစားပေးကိစ္စတွေနဲ့ပတ်သက်လို့ တိုးတက်မှုရှိအောင်လုပ်ဖို့ မြန်မာနိုင်ငံကို တွန်းအားပေးနေတာကြောင့် သက်ဆိုင်သူအားလုံး ပါဝင်မယ့် အပြန်အလှန်ဆွေးနွေးတာကို ကြို ဆိုတဲ့ မူဝါဒကို ကျွန်တော်တို့ ဖော်ဆောင်နေ တာပါ။ အမေရိကန်ရဲ့ဦးစားပေးကိစ္စတွေက တော့ ကျားဖျန့်စင်တာတွေကို ကိုင်တွယ်ဖြေ ရှင်းတာ၊ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ အတွက် ပြည်တွင်း လည်ပတ်လုပ်ကိုင်ရေး ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်အောင် လုပ်ဖို့၊ နိုင်ငံကို တည်ငြိမ်စေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တည်ဆောက်ဖို့ စတာတွေဖြစ်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့်သက်ဆိုင် သောမစ်ရှင်ကို သြဂုတ် ၃၁ ရက်တွင် အတည် ပြုခဲ့ခြင်းဖြစ် ပြီး အောက်တိုဘာ ၁၆ ရက်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ဝက်ဆိုက်၌ ထုတ်ပြန်ပေး ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။
ယင်းမစ်ရှင်သည် မြန်မာနိုင်ငံနှင့် အမေရိကန်၏ကုန်သွယ်ရေး လိုငွေပြမှုကို လျော့ကျ စေရေးအတွက် အမေရိကန်ပို့ကုန်များကို မြှင့်တင်ရန် ဆောင်ရွက်ပေးလိမ့်မည်ဟုဆို သည်။ ထို့ကြောင့် အမေရိကန်သံရုံးက အမေရိကန်ကုမ္ပဏီများအတွက် ဒေါ်လာငါးသန်း အထက်တန်ဖိုးရှိသော အနည်းဆုံး ကုန်သွယ် ရေးစာချုပ်သုံးခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု စာချုပ်သုံးခုဖြစ်ပေါ်လာရန် ရည်ရွယ်သည် ဟု ဆိုသည်။
ထို့အပြင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ကျားဖျန့်စင်တာများကို နှိမ်နင်းရန် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင် ရွက်မှုကို ဦးစားပေးရန်၊ မြန်မာနိုင်ငံသားများ ကို အမေရိကန်မှပြန်ပို့ရေးအတွက် အာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ ရန် ဦးစားပေးမည်ဟုဆိုသည်။
ref : reuters