Eleven Media Group

■ ကမ္ဘောဒီးယားတွင် လှုပ်ရှားခဲ့သည့် ကျားဖျန့်လုပ်ငန်းများက မာဒါဂါစကာသို့ နေရာရွှေ့ပြောင်း

ကမ္ဘောဒီးယားနိုင်ငံတွင် လှုပ်ရှားခဲ့သည့် ကျားဖျန့်လုပ်ငန်းများသည် မာဒါဂါစကာ နိုင်ငံသို့ နေရာရွေ့ပြောင်းပြီး ဒုစရိုက်လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။

မာဒါဂါစကာနိုင်ငံအတွင်းရှိ ကျားဖျန့်စခန်းများကို ဝင်ရောက်စီးနင်းမှုများမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျားဖျန့်လုပ်ကိုင်ခဲ့ ပြီး လူကုန်ကူးမှုဟု ယူဆရသည့် နည်းလမ်း ဖြင့် အာဖရိကနိုင်ငံသားများကိုပါ လိမ်လည် လှည့်ဖြားခဲ့သည့် ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်မှုကိုပါ ဖော်ထုတ်နိုင်ခဲ့သည်ဟု မာ ဒါဂါစကာအာဏာပိုင်များက အေအက်ဖ်ပီသ တင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါကျားဖျန့် စခန်းအများစုကို တ ရုတ်နိုင်ငံသားများက စီမံခန့်ခွဲခဲ့ခြင်းဖြစ်ပြီး၊ ၎င်းင်းတို့အနက် ၁၄၈ ဦးကို တရုတ်နိုင်ငံသို့ လွှဲ ပြောင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း မာဒါဂါ စကာ တရားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ သည်။ အမေရိကန် တရားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး သြဂုတ်လနှင့် စက်တင်ဘာလများ အတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ၌ တ ရုတ်နိုင်ငံသားများ လည်ပတ်နေသည့် ကျား ဖျန့်စခန်းပေါင်း ၁၃ ခုကို ဖြိုခွဲနိုင်ခဲ့ကြောင်း ဆိုသည်။ တစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၅၂ သန်းခန့် တန်ဖိုးရှိ ခရစ်ပတိုငွေကြေးများကို သိမ်းဆည်းရမိခဲ့ပြီး လျှပ်စစ်ပစ္စည်းနှင့် စက် ပစ္စည်းပေါင်း ၃၂၀၀ ကျော်ကို စစ်ဆေးခဲ့ ကြောင်း အမေရိကန် အာဏာပိုင်များက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ အဆိုပါ ကွန်ရက်များသည် အထူးသဖြင့် အာဖရိက တောင်ပိုင်းဒေသများသို့ တိုးချဲ့လာ နေခြင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး UNODC က ပြီးခဲ့သည့်နှစ်တွင် သတိပေးခဲ့ဖူးသည်။

ကျားဖြန့်နှိမ်နင်းရေးတွင် သီးခြား ဖမ်း ဆီးရမိခဲ့သော တရုတ်နိုင်ငံသား ၁၁ ဦးသည် မာဒါဂါစကာ အကျဉ်းထောင်မှ မသင်္ကာဖွယ် ရာ လွတ်မြောက်သွားခဲ့ပြီး ၎င်းင်းတို့ လွတ် မြောက်မှုတွင် အကျဉ်းထောင်အကြီးအကဲ လည်း ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံ ထားရသည်။ အာဖရိကနိုင်ငံသားအချို့မှာမူ ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ကနဦး စစ်ဆေးချက် များအရ ၎င်းင်းတို့သည် လူကုန်ကူးခံခဲ့ရသည့် နစ်နာသူများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည့်တိုင် ဆက်လက်ထိန်းသိမ်းခံထားရကြောင်း အရာ ရှိများက ပြောကြားခဲ့သည်။ အရှေ့တောင်အာရှရှိ ကျားဖျန့်စခန်း များကဲ့သို့ပင် မာဒါဂာစကာရှိကျားဖျန့်စခန်း များသည်လည်း လူမှုကွန်ရက်မှတစ်ဆင့် လစာကောင်းများ ပေးမည်ဟု မက်လုံးပေး ကာ အာဖရိက နိုင်ငံသားများကို လိမ်ညာခဲ့ကြ သည်ဟု စွပ်စွဲထားသည်။

ယခုဖြစ်စဉ်တွင် ကင်ညာ၊ ရဝမ်ဒါ၊ ယူ ဂန်ဒါ နှင့် ဇင်ဘာဘွေ နိုင်ငံတို့မှ နိုင်ငံသား ၂၀ ခန့် ထိန်းသိမ်းခံထားရကြောင်း အာဏာ ပိုင်များက ပြောကြားခဲ့သည်။
“သူတို့ရဲ့ ထွက်ဆိုချက်တွေအရ သူတို့ ဟာ မာဒါဂါစကာမှာ စီးပွားရေးလုပ်ဖို့ facebook ကတစ်ဆင့် စည်းရုံး သိမ်းသွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကို ရောက်လာတဲ့အခါ မှာတော့ ပတ်စ်ပို့တွေ အသိမ်းခံလိုက်ရပြီး လိမ်လည်မှုတွေ လုပ်ဖို့ အဓမ္မ စေခိုင်းခံခဲ့ရတာ ပါ။ သူတို့ဟာ လှည့်ဖြားခံရတဲ့ သားကောင် တွေ ဖြစ်ပါတယ်” ဟု မာဒါဂါစကာ ရဲတပ်ဖွဲ့ ၏ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အကြီးအ ကဲ ဟက်ဆင် မူအင်းဂနီက အေအက်ဖ်ပီ သ တင်းဌာနကို ပြောကြားခဲ့သည်။

မာဒါဂါစကာ ဆက်သွယ်ရေး ဝန်ကြီးဌာ န၏ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ဌာန ညှိနှိုင်း ရေးမှူး ဇီတိုဟိုင်နာ ရာလီဟီဗာအိုကမူ ထိုင်း နှင့်ကမ္ဘောဒီးယား စစ်တပ်ကြား ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည့် ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံရှိ ကျားဖျန့်စခန်းများကို ၂၀၂၅ ခုနှစ်အတွင်း စိစစ်နှိမ်နင်းခဲ့မှုနှင့် ယခုဖြစ်စဉ်ကို ဆက်စပ်ဖော်ပြခဲ့သည်။
“ထိုင်းတွေက အဲ့ဒီစခန်းတွေကို ဖြိုခွဲ လိုက်တဲ့အခါ သူတို့ဟာ ကျားဖျန့်လုပ်ငန်း တွေကို တခြားနေရာကို ပြောင်းရွှေ့လိုက်ကြ တာပဲ ဖြစ်ပါတယ်။ အဲဒီကျားဖျန့်ဂိုဏ်းတွေဟာ မာဒါဂါစကာကို ရောက်ရှိလာခဲ့ကြတာပါ” ဟု ရာလီဟီဗာအို က အေအက်ဖ်ပီ သတင်းဌာ နကို ပြောကြားခဲ့သည်။

ref: afp

မူရင်းသတင်း — Eleven Media Group