Xinhua Myanmar

အမေရိကန်နိုင်ငံရှိ ခရိုင်တစ်ခုမှ ကြက်ဘဲထွက်ကုန်များ တင်သွင်းမှုကို ဟောင်ကောင် ရပ်ဆိုင်း

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗစ်တိုးရီးယားဆိပ်ကမ်းမြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်ရှိ Kittitas ခရိုင်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေမှုကြောင့် ထိုဒေသမှ ကြက်သား၊ ဘဲသားနှင့် ကြက်/ဘဲထုတ်ကုန်များ တင်သွင်းမှုကို ရပ်ဆိုင်းမည်ဟု ဟောင်ကောင် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ အစားအသောက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သန့်ရှင်းရေးဌာန လက်အောက်ရှိ အစားအသောက် ဘေးကင်းလုံခြုံရေးစင်တာ (CFS) က ဟောင်ကောင်ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဆိုပါဒေသမှ ကြက်ဥ၊ ဘဲဥများအပါအဝင် ကြက်သား၊ ဘဲသားနှင့် ကြက်/ဘဲထုတ်ကုန်များ တင်သွင်းမှုကို ချက်ချင်းအကျိုးသက်ရောက်စေမည့် အမိန့်ဖြင့် ရပ်ဆိုင်းထားရန် ကုန်သည်များအား ညွှန်ကြားထားသည်။

ထိုဒေသတွင် ပြင်းထန်သော H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) ထံမှ အကြောင်းကြားချက် ရရှိခဲ့သည့်အတွက် အဆိုပါဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း CFS က ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ CFS က အမေရိကန်အာဏာပိုင်များနှင့် ဆက်သွယ်ထားပြီး ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ WOAH နှင့် သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သည့် သတင်းအချက်အလက်များကို အနီးကပ်စောင့်ကြည့်သွားကာ အခြေအနေပြောင်းလဲဖြစ်ပေါ်လာမှုအပေါ် မူတည်၍ သင့်လျော်သော ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု CFS ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

............................

(English Version)

Hong Kong suspends imports of poultry products from U.S. county

HONG KONG, Nov. 2 (Xinhua) -- Hong Kong's food safety authority on Monday announced that it would suspend imports of poultry meat and products from Kittitas County in Washington state, the United States, due to an outbreak of bird flu in the region.

The Center for Food Safety (CFS) of the Hong Kong Special Administrative Region government's Food and Environmental Hygiene Department has instructed the trade to suspend the import of poultry meat and products, including poultry eggs, from the area with immediate effect to protect public health in Hong Kong.

The CFS said the decision was made in view of a notification from the World Organization for Animal Health (WOAH) about an outbreak of highly pathogenic H5N1 avian influenza in the area.

The CFS has contacted the American authority over the issue and will closely monitor information issued by the WOAH and the relevant authorities on the outbreak. Appropriate action will be taken in response to the development of the situation, a CFS spokesperson said. ■

Photo caption: This photo taken on July 26, 2026 shows a view of the Victoria Harbour in Hong Kong, south China. (Xinhua/Zhu Wei)

မူရင်းသတင်း — Xinhua Myanmar