
ဟောင်ကောင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ဟောင်ကောင်ဥပဒေရေးရာရက်သတ္တပတ် ၂၀၂၆ ကို နိုဝင်ဘာ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဒေသတွင်းဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး၊ နိုင်ငံခြားနှင့်ဆက်နွယ်သည့် တရားဥပဒေစိုးမိုးမှု တိုးတက်ရေး၊ ဥပဒေဆိုင်ရာ နည်းပညာနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသကြီးအတွင်းရှိ အခွင့်အလမ်းများ အပါအဝင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေရေးရာ ရက်သတ္တပတ် ဖွင့်လှစ်လိုက်ခြင်းဖြင့် နိုင်ငံတကာ ပုဂ္ဂလိက ဥပဒေပေါင်းစည်းရေးဆိုင်ရာ အင်စတီကျု (UNIDROIT) ၏ အာရှ-ပစိဖိတ် ဆက်ဆံရေးရုံးကိုလည်း တရားဝင်ဖွင့်လှစ်ခဲ့သည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်းက ရောမမြို့ရှိ UNIDROIT ရုံးချုပ်၏ ပြင်ပတွင် ပထမဆုံးရုံးခွဲအဖြစ် UNIDROIT ၏ အာရှ-ပစိဖိတ်ဆက်ဆံရေးရုံးကို ဟောင်ကောင်၌ ဖွင့်လှစ်လိုက်ခြင်းသည် UNIDROIT ၊ ဟောင်ကောင်နှင့် ဒေသတစ်ခုလုံးအတွက် အလွန်လေးနက် အရေးပါသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုရုံးခွဲဖွင့်လှစ်ခြင်းသည် ဟောင်ကောင်နှင့် UNIDROIT တို့အကြားမှ ကာလကြာရှည်စွာ တည်ရှိလာခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကာ အာရှ-ပစိဖိတ်ဒေသနှင့် အခြားဒေသများအတွက်လည်း ပိုမိုသဟဇာတဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်တစ်ခုဆီသို့ တွန်းအားပေးမှု အထောက်အကူတစ်ခုလည်းဖြစ်လာလိမ့်မည်ဟု ဂျွန်လီကပြောကြားခဲ့သည်။
UNIDROIT ဥက္ကဋ္ဌ အန်ဇိုမိုအာဗီရိုမီလာနီဆီက အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာပေါ်တွင် အတက်ကြွဆုံးနှင့် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသော ဒေသများထဲမှတစ်ခု ဖြစ်ကြောင်း၊ ဟောင်ကောင်၌ ဆက်သွယ်ဆောင်ရွက်ရေးရုံးကို တည်ထောင်ဖွင့်လှစ်လိုက်ခြင်းက UNIDROIT ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောတွန်းအားတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အကျိုးရှိသောရလဒ်များ ရရှိလာစေရန် ဟောင်ကောင်နှင့် လက်တွဲဆောင်ရွက်သွားလိုသည်ဟုလည်း အန်ဇိုမိုအာဗီရို မီလာနီဆီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
.........................
(English version)
Hong Kong Legal Week 2026 opens with launch of UNIDROIT's first overseas office
HONG KONG, Nov. 2 (Xinhua) The Hong Kong Legal Week 2026 was launched on Monday, featuring discussions on topics including regional legal cooperation, international dispute resolution, the development of foreign-related rule of law, lawtech and opportunities in the Guangdong-Hong Kong-Macao Greater Bay Area.
Kicking off the legal week, the Asia-Pacific Liaison Office of the International Institute for the Unification of Private Law (UNIDROIT) was officially launched.
John Lee, chief executive of the HKSAR, said that the establishment of the UNIDROIT Asia-Pacific Liaison Office in Hong Kong -- the institute's inaugural office outside its seat in Rome -- was a decision of profound significance for UNIDROIT, Hong Kong and the entire region.
Lee said that the establishment of the office would further strengthen the long-standing collaborative relationship between Hong Kong and UNIDROIT, serving as a catalyst for a more harmonious and prosperous future for the Asia-Pacific and beyond.
Enzo Moavero-Milanesi, president of UNIDROIT, said that the Asia-Pacific region was one of the most dynamic and fastest-growing regions in the world, and that the establishment of the liaison office in Hong Kong would inject strong impetus into the development of UNIDROIT. He added that he looked forward to joining hands with Hong Kong to achieve fruitful results. ■
Photo caption: John Lee (C), chief executive of the Hong Kong Special Administrative Region, speaks during a press conference in south China's Hong Kong, Sept. 16, 2026. (Xinhua/Chen Duo)