MyTech Myanmar

စက်ရုပ်ခွေး တစ်နာရီကျောင်းပေးရင် မြန်မာငွေ ၁ သိန်းနီးပါးရတဲ့ အမေရိကန်က အလုပ်

စန်ဖရန်စစ္စကိုမြို့က Startup ကုမ္ပဏီတစ်ခုက လူတွေ လမ်းပေါ်မှာ စက်ရုပ်ခွေးတွေကို ကျောင်းပေးဖို့ တစ်နာရီကို ဒေါ်လာ ၂၀ ပေးချေနေတယ်လို့ သိရပါတယ်။ အဲဒီ အလုပ်ဟာစက်ရုပ်တွေရဲ့ အတုယူဉာဏ်ရည် (AI) စနစ်ကို ပိုမို တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

အလုပ်သမားတွေဟာ လေးဘက်သွား စက်ရုပ်တွေကို အပြင်ဘက် လမ်းကြောင်းတွေအတိုင်း တစ်ပတ်ကို ၄ နာရီကနေ ၆ နာရီအထိ လမ်းလျှောက် ပို့ပေးရပါတယ်။ အဲဒီအတွက် အရင်က စက်ရုပ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိဖို့ မလိုဘဲ ကုမ္ပဏီဘက်ကလည်း လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 

စက်ရုပ်ခွေးတွေရဲ့ အလေးချိန်ဟာ ၁၅ ကီလိုဂရမ် (၃၃ ပေါင်) ဝန်းကျင် ရှိပြီး စက်ချွတ်ယွင်းတာ ဒါမှမဟုတ် ပူလာတာမျိုး ဖြစ်လာရင် ဝန်ထမ်းတွေက ကုမ္ပဏီရုံးခန်းဆီကို ပြန်သယ်လာရနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီနည်းလမ်းကနေတဆင့် အချက်အလက်တွေကို စုဆောင်းပြီး စက်ရုပ်တွေ လူရဲ့ အကူအညီမပါဘဲ အလုပ်တွေကို ပိုလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar