
တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရဲ့ လမ်းမတွေပေါ်မှာ DEEP Robotics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ DR02 လူတူစက်ရုပ်တွေကို စမ်းသပ် အသုံးပြုခဲ့ပါတယ်။ အဲဒီလို ခေတ်မီဆန်းသစ်တဲ့ လူတူစက်ရုပ်တွေကို စည်ပင်သာယာရေးနဲ့ လူအသွားအလာများတဲ့ အဓိကနေရာတွေမှာ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်တဲ့ ကာလအတွင်းမှာ လူတူစက်ရုပ်တွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေကို လမ်းညွှန်ပြသတာ၊ လမ်းဘေးလုံခြုံရေးအတွက် သတိပေးတာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခရီးသွားတွေကို လမ်းပြပေးတာနဲ့ ဒေသတွင်း အချက်အလက်တွေကိုပါ ဘာသာစကားမျိုးစုံနဲ့ ဖြေကြားပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီ လူတူစက်ရုပ်တွေဟာ IP66 အဆင့် သတ်မှတ်ချက် ရှိတာကြောင့် ဖုန်မှုန့်ဒဏ်နဲ့ ပြင်းထန်တဲ့ရေဒဏ်တွေကို အကောင်းဆုံး ခံနိုင်ရည် ရှိပါတယ်။ အဲဒီလို အဆင့်မြင့်နည်းပညာအသစ်တွေ စမ်းသပ်မှုဟာ နောင်တစ်ခေတ် မြို့ပြစီမံခန့်ခွဲမှု နယ်ပယ်သစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Ref : Technology Innovation