Myanmar Digital News

မဲသောင်း - ထီအုံလမ်း(၀/၂)မိုင် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်

တောင်ကြီး နိုဝင်ဘာ ၃

 

တောင်ကြီးမြို့နယ် မဲသောင်း-ထီအုံကျေးရွာ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တောင်ကြီးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသော မဲသောင်း-ထီအုံလမ်း(၀/၂)မိုင် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ကတ္တရာခင်းခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

မှာကြား

ဆက်လက်၍ မဲသောင်းကျေးရွာရှိ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဒေသခံ ပြည်သူများအနေဖြင့် လမ်းကို ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် လမ်းဘေးရေနုတ် မြောင်းများကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားသည်။

 

ထိုမှတစ်ဆင့် ထီအုံကျေးရွာ၌ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသော ထီအုံကျေးရွာသွား လမ်း(၀/၂)မိုင်အား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ကတ္တရာခင်းခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

မူရင်းသတင်း — Myanmar Digital News