Myanmar Digital News

သာကေတမြို့နယ် မီးသတ်ဦးစီးဌာန၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်

ရန်ကုန် နိုဝင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ (၁၄)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က အဆိုပါမြို့နယ် မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရွတ်ဖတ်ပူဇော်မည်

အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် သာကေတမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အောင်မော်စံစာသင်တိုက် ဒုတိယနာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သာသန တက္ကသီလ ဓမ္မာစရိယ B.A ဘဒ္ဒန္တ သောဘန အမှူးပြုသော ပဋ္ဌာန ဘာဏက​ ဆရာတော် ၁၈ ပါးတို့ က မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးကို နိုဝင်ဘာ ၂ ရက်မှ ၆ ရက်အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News