Myanmar Digital News

နတ်တလင်းမြို့၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်များအကြောင်း အသိပညာပေးဟောပြော

နတ်တလင်း နိုဝင်ဘာ ၃

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား စူပါအယ်လ်နီညို ရာသီဥတုဖြစ်စဉ်များအကြောင်း ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇီးကုန်းကလေးရပ်ကွက်၌ ဆောင်ရွက်သည်။

 

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် မိခင်ကလေးကျောင်းကျန်းမာ အာဟာရဦးစီးအရာရှိနှင့် ဝန်ထမ်းများက အယ်လ်နီညိုရာသီဥတုကြောင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းများခံစားနေရသည့် လူနာအား ရှေးဦးပြုစုခြင်း၊ အပူဒဏ်ကာကွယ်နိုင်ရေး ရှောင်ကြဉ်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(နတ်တလင်း)

မူရင်းသတင်း — Myanmar Digital News