Myanmar Digital News

M League (မြန်မာလိဂ်) နှင့် Bee Care - Energy Gel တို့ Official Digital Partnership လက်မှတ်ရေးထိုး

ရန်ကုန်    နိုဝင်ဘာ    ၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  မြန်မာလိဂ်ကော်မတီနှင့်    Bee Care - Energy Gel  တို့အကြား ၂၀၂၆ - ၂၀၂၇   ဘောလုံး ရာသီအတွက် Official   Digital Partnership ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို နိုဝင်ဘာ ၃ ရက်က သုဝဏ္ဏဘောလုံးကွင်း  ပထမထပ်ရှိ   သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  မြန်မာလိဂ်ကော်မတီ  ဒုတိယဥက္ကဋ္ဌ(၁) နှင့် အမှုဆောင်အရာရှိချုပ် ဦးကိုကိုသိန်းက  အမှာစကားပြောကြားပြီး Bee Care - Energy Gel  အမှုဆောင်ဒါရိုက်တာ ဒေါက်တာဟိန်းသူအောင်က ပံ့ပိုးကူညီရသည့်   အခြေအနေ နှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။  ယင်းနောက်  နှစ်ဖက်တာဝန်ရှိသူများက  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး   အမှတ်တရလက်ဆောင်ပစ္စည်းများ  အပြန်အလှန်ပေးအပ်ကာ  စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

Bee Care - Energy Gel သည် Chiang   Mai   University   ၏ Smart  Bee  Team  နှင့်  Smile Happy Co., Ltd. တို့ ပူးပေါင်း၍ သိပ္ပံနည်းကျ သုတေသနပြုဖန်တီးထုတ်လုပ်ထားသည့်  ပျားရည်အခြေခံ Energy Gel ထုတ်ကုန်တစ်မျိုး ဖြစ်သည်။  အဆိုပါ ထုတ်ကုန်ကို   အားကစားသမားများအနေဖြင့်   လေ့ကျင့်ရေးနှင့်  ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း လိုအပ်သည့်   ကာဗိုဟိုက်ဒရိတ်စွမ်းအင်ကို  ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး  ဘောလုံး၊  မာရသွန်နှင့် စက်ဘီးစီးခြင်းကဲ့သို့ အချိန်ကြာမြင့်စွာ  အားစိုက်လှုပ်ရှားရသည့်  အားကစားများအတွက်  အသုံးပြုနိုင်သည့်    အားကစား အာဟာရ ထုတ်ကုန်တစ်မျိုးလည်း ဖြစ်သည်။

Bee  Care  Energy  Gel  ကို M League ပြိုင်ပွဲဝင်  ကလပ်အသင်းများနှင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်   ကလပ်အသင်းများအား ပြိုင်ပွဲကစားနေစဉ်အတွင်း  ပံ့ပိုးပေးသွားမည်ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - M-League

မူရင်းသတင်း — Myanmar Digital News