နေပြည်တော် နိုဝင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တာဝန်ပေးအပ်ပွဲတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) အောင်မြင်သူ ၂၈၃ ဦးနှင့် သူနာပြုတက္ကသိုလ်(မန္တလေး)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သူ ၁၇၉ ဦး စုစုပေါင်း ၄၆၂ ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများပေးအပ်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် သူနာပြု ၂၁၄၃ ဦးတို့အား သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ဆက်လက်စီစဉ်ဆောင်ရွက် သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ သူနာပြုများနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ရရှိထားသော ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးများ၊ ရာထူးအဆင့်အလိုက် လစာနှုန်းတိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် Capacity Building အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး မိမိတို့အရည်အသွေး တိုးတက်လာစေရေးအတွက် ကြိုးစားကြစေလိုကြောင်း၊ သစ်လွင်သူနာပြုများကို ကျန်းမာရေးဝန်ကြီးဌာနမှ မိသားစုဝင်အဖြစ် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ပြည်သူလူထု အားကိုးအားထားရသော သူနာပြုဆရာ ဆရာမကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်း အပြန်အလှန်လေးစားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပြည့်မီအောင် ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြုစုစုပေါင်း ၄၆၂ ဦးကိုယ်စား သစ်လွင်သူနာပြု နှစ်ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများပေးအပ်ခဲ့ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ သစ်လွင် သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်