ပဲခူး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် စက်မှုလုပ်ငန်းနှစ်ခုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅၇ သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအဖြစ် စက်မှုလုပ်ငန်း တစ်ခုမှ ငွေကျပ် ၃၆၉၆ ဒသမ ၈၉၄ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၇၅ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)မှ သိရသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် Asian Great Myanmar Co., Ltd. မှ အထပ်သားထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လျှောက်ထားလာမှု၊ စက်ပစ္စည်းတင်သွင်းခြင်း ရင်းနှီးမြှုပ်နှံမှုတိုးခြင်း နှင့် စက်ရုံ/ အလုပ်ရုံ တည်ဆောက်ရေးကာလ သက်တမ်းတိုးခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ဒေသတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးတက် ဝင်ရောက်နိုင်ရေး အခွင့်အလမ်းကောင်းများနှင့် လျင်မြန်လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)