
နိုဝင်ဘာ - ၄ ( ဗုဒ္ဓဟူးနေ့ )
ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်မှာ အပြတ်အသတ် အနိုင်ရရှိပြီး ထိန်းချုပ်လိုက်နိုင်ပါပြီ။ ရီပတ်ဘလစ်ကန်တွေ လက်ထဲမှာ ရှိနေတဲ့ နေရာ ၆ ခုကို သိမ်းယူနိုင်ခဲ့သလို အောက်လွှတ်တော်မှာ လည်း အမတ်နေရာ အများအပြား အနိုင်ရရှိခဲ့တာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ပါတီ အတွက်တော့ တော်တော်လေး ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားခဲ့ပါပြီ။
ရီပတ်ဘလစ်ကန် တွေကြီးစိုးတဲ့ တက္ကဆက်ပြည်နယ်မှာတောင် ဒီမိုကရက်တစ်ပါတီဝင် ဂျိမ်းစ် တာလာရီကို က သမ္မတထရမ့် ကျောထောက်နောက်ခံပေးထားတဲ့ ရီပတ်ဘလစ်ကန် ကင်န် ပက်စတန် ကို အနိုင်ယူသွားခဲ့ပါတယ်။ ဒါဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်း ရီပတ်ဘလစ်ကန်တွေ အမာခံဖြစ်တဲ့ အဲဒီပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီက ပြည်နယ်တစ်ဝန်း ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
တောင်ကာရိုလိုင်းနားပြည်နယ်မှာလည်း ဒီမိုကရက်တစ်ပါတီဝင် အန်နီ အန်ဒရူးစ် က အနိုင်ပွဲတစ်ပွဲကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ လင်ဆေး ဂရေဟမ်ရဲ့ နှမဖြစ်သူ အထက်လွှတ်တော် အမတ် ဒါလင်း ဂရေဟမ် ကို အနိုင်ယူသွားခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီ အနေနဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း အထက်လွှတ်တော်အမတ်နေရာ တခါမှ မနိုင်ခဲ့ဖူးတဲ့ ပြည်နယ်တစ်ခုမှာ အခုလို အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒေသတွင်း ရီပတ်ဘလစ်ကန် ထင်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက သမ္မတထရမ့် ကိုယ်တိုင် ဆင်းပြီး မဲဆွယ်ပေးခဲ့ရတာ ဖြစ်ပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ ဒီမိုကရက်တစ်ပါတီဝင် ဟောင်းလည်းဖြစ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ရွိုင်း ကူပါ က သမ္မတထရမ့် ကျောထောက်နောက်ခံ ပေးထားတဲ့ မိုက်ကယ် ဝှတ်လေ ကို အနိုင်ယူပြီး အာဏာရ ရီပတ်ဘလစ်ကန် လက်ထဲက အမတ်နေရာကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနေရာဟာ အနားယူသွားပြီဖြစ်တဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် သွန်မ် တီးလစ် ရဲ့ နေရာဟောင်း ဖြစ်ပါတယ်။
ကန်ဆပ်ပြည်နယ်မှာဆိုရင် မက်သဒစ် ခရစ်ယာန်သာသနာ့ဆရာ အဒမ် ဟာမီတန် က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရိုဂျာ မာရှယ် ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၃၂ ခုနှစ်နောက်ပိုင်း အဲဒီပြည်နယ်ကနေ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး ဒီမိုကရက်တစ်ပါတီဝင် ဖြစ်လာခဲ့တာပါ။
အိုင်အိုဝါပြည်နယ်မှာလည်း ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်လွှတ်တော်အမတ် ဂျို့ရှ် တူရက် က ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် အက်ရှ်လေ ဟင်ဆန် ကို အနိုင်ယူပြီး အနားယူသွားပြီဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဂျိုနီ အာန်းစ် ရဲ့ နေရာကို အနိုင်ရ သိမ်းယူသွားခဲ့ပါတယ်။
အိုဟိုင်းယိုးပြည်နယ်မှာတော့ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အမတ်ဟောင်း ရှာရော့ ဘရောင်း ဟာ ရီပတ်ဘလစ်ကန် လက်ရှိအမတ် ဂျွန် ဟပ်စတက် ကို အနိုင်ယူပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးရှုံးခဲ့ရတဲ့ အမတ်နေရာကို အောင်ပွဲခံပြန်လည် ရယူနိုင်ခဲ့ပါတယ်။
REF: RT
#News #Myanmar
