
နေပြည်တော်၊ နိုဝင်ဘာ ၄
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ငြိမ်းချမ်းသာယာရေး အထူးဆုတောင်းပွဲ (၂၀၂၆) ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပသည်။
ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် အဖွဲ့ချုပ်ကြီးများမှ ဆရာတော်များ၊ ဂိုဏ်းပေါင်းစုံမှ ခရစ်ယာန် ဘာသာဝင်များ၊ တိုင်းရင်းသားလူငယ်များ ၇၀၀ ခန့် က ဓမ္မသီချင်းများ စုပေါင်းသီဆိုခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့ပြင် ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘို၊ အောက်မြန်မာပြည် မက်သဒစ်အသင်းတော် ဂိုဏ်းချုပ် ဆရာတော်ကြီးဒေါက်တာ ဦးမြတ်ဆန်းနှင့် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးတို့က အမှာ စကားပြောကြားကြပြီး မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ဦးအေးမင်းက အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက် အထူးဆုတောင်း မေတ္တာပို့သပေးကာ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌကကောင်းချီးပေး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
#News #Myanmar
