Xinhua Myanmar

ဥရောပ စီးပွားရေး အကျပ်အတည်း သုံးရပ်နှင့် ရင်ဆိုင်နေရ

အီတလီနိုင်ငံ မြို့တော် ရောမတွင် ကိုလော့စီယမ်သို့ သွားမည့် ဆန္ဒပြလူအုပ်ကြီးအား ရဲတပ်ဖွဲ့ဝင်များက တားဆီးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တတိယ သုံးလပတ်တွင် ယူရိုဇုန်၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) သည် ယခင်သုံးလပတ်ထက် ၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယသုံးလပတ်ထက် ၀.၂ ရာခိုင်နှုန်းပွိုင့် နှေးကွေးသွားခဲ့ကြောင်း ဥရောပသမဂ္ဂ စာရင်းအင်းဌာနက မကြာသေးမီရက်က ထုတ်ပြန်သည့် ပဏာမအချက်အလက်များတွင် ဖော်ပြထားသည်။ စွမ်းအင်ကုန်ကျစရိတ် မြင့်မားနေခြင်း၊ ငွေကြေးအထောက်အပံ့ ပတ်ဝန်းကျင် တင်းကျပ်လာခြင်းတို့၏ နောက်ခံတွင် ယူရိုဇုန် စီးပွားရေးသည် ကြံ့ကြံ့ခံမှုကို ပြသလျက်ရှိသော်လည်း တိုးတက်မှု အလားအလာမှာ စမ်းသပ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။

ယခုနှစ်မှစ၍ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုသည် ပြည်သူများ၏ နေထိုင်မှုဘဝ ဝန်ထုပ်ဝန်ပိုးကို ပိုမိုလေးလံစေပြီး ငွေကြေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများကြောင့် ဥရောပနိုင်ငံအများအပြား၏ အစိုးရများသည် ပြည်သူ့ဝန်ဆောင်မှုနှင့် လူမှုဖူလုံရေး ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အနေအထားကောင်းအပြောင်းအလဲများ ဖြစ်ပေါ်ရန် ခက်ခဲနေသည်။

မကြာသေးမီကာလအတွင်း ဥရောပနိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ ယင်းမှာ ပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ် မြင့်မားနေခြင်း၊ ပြည်သူ့ဝန်ဆောင်မှု မလုံလောက်ခြင်းနှင့် ငွေကြေးဆိုင်ရာ တင်းကျပ်သည့်အစီအမံများအပေါ်  မကျေမနပ်မှုကို ထင်ဟပ်စေရုံသာမက ဥရောပ စီးပွားရေးတိုးတက်မှု အလားအလာ ရင်ဆိုင်နေရသည့် မောင်းနှင်အားမလုံလောက်မှု၊ ပြည်သူ့စားဝတ်နေရေးဖိအားနှင့် မူဝါဒဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှု ဆိုသည့် အကျပ်အတည်းသုံးရပ်ကိုလည်း ထင်ဟပ်စေသည်။  

တိုးတက်မှု မောင်းနှင်အား မလုံလောက်ခြင်း

နောက်ဆုံး စစ်တမ်းအချက်အလက်များတွင် ဥရောပ စီးပွားရေးတိုးတက်မှုသည် ဖိအားများနှင့် ရေရှည်ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။ တတိယသုံးလပတ်တွင် ဥရောပ၏ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဂျာမနီ၏ GDP သည် ယခင်သုံးလပတ်ထက် ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒုတိယသုံးလပတ်၏ ၀.၃ ရာခိုင်နှုန်းထက် နိမ့်ကျခဲ့ကြောင်း၊ ပြင်သစ်သည် ယခင်သုံးလပတ်ထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အီတလီမှာ ယခင်သုံးလပတ်နှင့် တန်းတူဖြစ်ကာ စပိန်ကမူ ယခင်သုံးလပတ်ထက် ၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဥရောပသမဂ္ဂ စာရင်းအင်းဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ဥရောပကော်မရှင်က အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်သည့် စစ်တမ်းရလဒ်များအရ အောက်တိုဘာလတွင် ယူရိုဇုန် စီးပွားရေးအခြေအနေညွှန်းကိန်းသည် ၀.၆ မှတ် ကျဆင်းကာ ၉၆.၉ သို့ ရောက်ရှိပြီး ဒုတိယလဆက်တိုက် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ Lagarde က ဝန်ဆောင်မှုကဏ္ဍ ပြန်လည်ကောင်းမွန်လာမှု၊ ဉာဏ်ရည်တုနှင့် ဆက်စပ်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ အစိုးရ၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးအသုံးစရိတ်တို့သည် စီးပွားရေးလုပ်ဆောင်မှုကို ပံ့ပိုးပေးနေကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် စွမ်းအင်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းသည် စားသုံးသူများ၏ ယုံကြည်မှုကို ထိခိုက်စေပြီး ဘဏ္ဍာရေးကုန်ကျစရိတ် မြင့်တက်လာခြင်းမှာ စီးပွားရေးတိုးတက်မှုကို ဆွဲငင်နှောင့်နှေးစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ING Groep ၏ စီးပွားရေးပညာရှင် Bert Colijn က စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် အတိုးနှုန်း မြင့်တက်လာခြင်းတို့သည် လာမည့် လအနည်းငယ်အတွင်း စီးပွားရေးတိုးတက်မှုကို ဆွဲငင်နှောင့်နှေးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ Lille မြို့တွင် ဆန္ဒပြသနေသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်သူ့စားဝတ်နေရေး အကျပ်အတည်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား

မကြာသေးမီကာလအတွင်း ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ စပိန်နှင့် ပေါ်တူဂီ စသည့် နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ လူနေမှုစရိတ် မြင့်မားခြင်း အပါအဝင် ပြည်သူ့စားဝတ်နေရေး ပြဿနာများသည် ပြဿနာများ၏ မီးစတစ်ခု ဖြစ်လာခဲ့သည်။

စွမ်းအင်ဈေးနှုန်း အသစ်တစ်ကျော့ မြင့်တက်လာခြင်းသည် ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို ပိုမို လေးလံစေသည့် အဓိက တွန်းအား ဖြစ်သည်။ ဥရောပသမဂ္ဂ စာရင်းအင်းဌာန၏ အချက်အလက်များတွင် စက်တင်ဘာလအတွင်း ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဩဂုတ်လ၏ ၃.၂ ရာခိုင်နှုန်းမှ ၃.၈ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ရာ ဥရောပဗဟိုဘဏ်၏ ကာလလတ်မျှော်မှန်းချက်ဖြစ်သော ၂ ရာခိုင်နှုန်းထက် သိသိသာသာ ပိုမိုမြင့်မားနေကြောင်း၊ ၎င်းတို့အနက် စွမ်းအင်ဈေးနှုန်းမှာ ယခင်နှစ် ကာလတူထက် ၁၈.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

စွမ်းအင်ကုန်ကျစရိတ် မြင့်တက်လာခြင်းသည် အိမ်ထောင်စုများ၏ သွားလာရေးနှင့် အပူပေးစနစ် သုံးစွဲရေး ကုန်ကျစရိတ်များကို တိုက်ရိုက် တိုးမြင့်စေရုံသာမက ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည့် ကွင်းဆက်များမှတစ်ဆင့် အခြား ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု ဈေးနှုန်းများကိုပါ မြင့်တက်စေသည်။ စွမ်းအင် ရိုက်ခတ်မှုအချိန်ကြာမြင့်လေလေ သွယ်ဝိုက်သောသက်ရောက်မှုနှင့် ဒုတိယတစ်ကျော့သက်ရောက်မှုများမှတစ်ဆင့် အထွေထွေ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေနိုင်သည့် အန္တရာယ် ပိုမိုကြီးမားလေလေ ဖြစ်ကြောင်း ဥရောပဗဟိုဘဏ်က သတိပေးထားသည်။

စွမ်းအင်ဈေးနှုန်း ဆက်တိုက် မြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှု အလားအလာအတွက် အထက်သို့ မြင့်တက်စေမည့် အန္တရာယ် ယူဆောင်ပေးသလို တစ်ချိန်တည်းတွင်ပင် စီးပွားရေးတိုးတက်မှု အလားအလာအတွက်လည်း အောက်သို့ ကျဆင်းမည့် အန္တရာယ်ကို ယူဆောင်ပေးမည်ဖြစ်ကြောင်း၊ ငွေကြေးအထောက်အပံ့ပတ်ဝန်းကျင် တင်းကျပ်လာခြင်းသည် ငွေကြေးဖောင်းပွမှုနှင့် တိုးတက်မှု နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်သွားနိုင်ကြောင်း ဥရောပဗဟိုဘဏ်က ထောက်ပြထားသည်။

အီတလီနိုင်ငံ မြို့တော် ရောမတွင် ဆန္ဒပြနေသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူဝါဒဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်မှု အခွင့်အလမ်း အကန့်အသတ်ရှိနေ

စီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်းနှင့် ပြည်သူ့စားဝတ်နေရေး ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ဥရောပ နိုင်ငံအများအပြား၏ အစိုးရများသည် ပြည်သူ့ဝန်ဆောင်မှုတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရန်နှင့် စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ပေးရန် လိုအပ်နေသကဲ့သို့ အဆက်မပြတ် တိုးပွားလာနေသည့် ကြွေးမြီဝန်ထုပ်ဝန်ပိုးကိုလည်း တုံ့ပြန်ဆောင်ရွက်ရမည်ဖြစ်ရာ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများမှာ အကန့်အသတ်များနှင့် ရင်ဆိုင်နေရသည်။

ဥရောပသမဂ္ဂ စာရင်းအင်းဌာန၏ အချက်အလက်များတွင် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အကုန်တွင် ယူရိုဇုန် အစိုးရ၏ ကြွေးမြီနှင့် GDP အချိုးသည် ပထမသုံးလပတ်အကုန်ရှိ ၈၈.၄ ရာခိုင်နှုန်းထက် မြင့်တက်ပြီး ၈၈.၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် ကြွေးမြီပမာဏ မြင့်မားသည့် အချို့သော နိုင်ငံများ၏ မကြာသေးမီကာလ နိုင်ငံတော် ငွေတိုက်စာချုပ် အကျိုးအမြတ်နှုန်းများ မြင့်တက်လာခြင်း၊ အစိုးရ၏ ငွေကြေးထောက်ပံ့မှု ကုန်ကျစရိတ်များ တိုးတက်လာခြင်းတို့သည် ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ညှိနှိုင်းမှု ဖိအားကို ပိုမိုကြီးမားလာစေသည်။

ပြင်သစ်နိုင်ငံ ရင်ဆိုင်နေရသည့် အကျပ်အတည်းမှာ ပိုမိုထင်ရှားသည်။ ဒုတိယသုံးလပတ်အကုန်တွင် ပြင်သစ်အစိုးရ၏ ကြွေးမြီနှင့် GDP အချိုးသည် ၁၁၉.၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ စီးပွားရေးတိုးတက်မှု အားနည်းခြင်းနှင့် ကြွေးမြီဝန်ထုပ်ဝန်ပိုး မြင့်မားခြင်း ဟူသော တစ်ပူပေါ် နှစ်ပူဆင့်မှုများခြင်းကြောင့် အစိုးရအနေဖြင့် ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေးတို့အကြား ခက်ခဲသော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရသည်။ မကြာသေးမီက ပညာရေး၊ ပြည်သူ့ဝန်ဆောင်မှုနှင့် နေထိုင်မှုကုန်ကျစရိတ် စသည့် ပြဿနာများကို ဗဟိုပြု၍ ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည်လည်း ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ညှိနှိုင်းမှုတွင် ရင်ဆိုင်နေရသည့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဖိအားများကို ထင်ဟပ်စေသည်။

လက်ရှိတွင် ဥရောပ၏ ဘဏ္ဍာရေးမူဝါဒသည် ကြွေးမြီဆိုင်ရာ ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရရုံသာမက ငွေကြေးမူဝါဒသည်လည်း ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှုတို့အကြား သောင်မတင်ရေမကျ အခြေအနေနှင့် ရင်ဆိုင်နေရသည်။ (Xinhua)

-----------------------------

(Chinese Version)

国际观察丨欧洲经济面临三重困境

新华社布鲁塞尔11月3日电 国际观察丨欧洲经济面临三重困境

欧盟统计局日前公布的初步数据显示,2026年第三季度,欧元区国内生产总值(GDP)环比增长0.4%,较第二季度放缓0.2个百分点。在能源成本高企、融资环境趋紧的背景下,欧元区经济虽显韧性,但增长前景面临多重考验。   

今年以来,能源价格上涨加重居民生活负担,财政约束则使欧洲多国政府在改善公共服务和社会保障方面难有起色。近期,欧洲多国接连发生抗议示威,反映出民众对生活成本高企、公共服务不足及财政紧缩措施的不满,也折射出欧洲经济增长前景面临的动能不足、民生压力与政策受限三重困境。

增长动力不足  

最新调查数据显示,欧洲经济增长面临压力。欧盟统计局数据显示,第三季度欧洲第一大经济体德国GDP环比增长0.2%,低于第二季度的0.3%;法国环比下降0.1%;意大利环比持平;西班牙环比增长0.6%。  

欧盟委员会10月29日公布的调查结果显示,10月欧元区经济景气指数下降0.6点至96.9,连续第二个月回落。   

欧洲央行行长拉加德10月29日表示,服务业恢复、人工智能相关商业投资以及政府基础设施投资和国防支出为经济活动提供支撑。与此同时,能源价格再度上涨打击消费者信心,融资成本上升可能拖累经济增长。   

荷兰国际集团经济学家贝尔特·科莱恩说,能源价格上涨和利率走高可能对未来数月的经济增长形成拖累。

民生困境引发抗议  

近期,法国、比利时、西班牙和葡萄牙等多国接连发生抗议示威。生活成本高企等民生问题成为导火索之一。   

新一轮能源价格上涨是加重居民负担的主要推手。欧盟统计局数据显示,9月欧元区通胀率由8月的3.2%升至3.8%,明显高于欧洲央行2%的中期目标。其中,能源价格同比上涨18.9%。   

能源成本上升不仅直接增加家庭交通和取暖支出,还会通过生产、运输等环节推高其他商品和服务价格。欧洲央行警告,能源冲击持续时间越长,通过间接效应和第二轮效应推高整体通胀的风险越大。   

欧洲央行指出,能源价格持续上涨给通胀前景带来上行风险,同时给经济增长前景带来下行风险;融资环境收紧则可能同时抑制通胀和增长。

政策应对空间受限   

面对经济增长放缓和民生压力,欧洲各国政府既需要增加公共投入、支持经济增长,又必须应对不断累积的债务负担,财政政策空间受到制约。   

欧盟统计局数据显示,2026年第二季度末,欧元区政府债务占GDP比重升至88.8%,高于第一季度末的88.4%。与此同时,一些高负债国家近期国债收益率上升,政府融资成本增加,进一步加大财政调整压力。   

法国面临的困境尤为突出。第二季度末,法国政府债务占GDP比重达到119.1%。经济增长乏力与高债务负担相互叠加,使政府在削减财政赤字与增加公共服务投入之间面临艰难抉择。近期围绕教育、公共服务和生活成本等问题发生的抗议,也反映出财政调整面临的社会压力。   

当前,欧洲财政政策受到债务约束的同时,货币政策也面临通胀与增长之间的两难。(完)

图说1:10月24日,在意大利首都罗马,警方阻止游行队伍前往斗兽场区域。新华社记者 王楷焱 摄

图说2:10月24日,在法国里尔,人们参加示威游行。新华社发(塞巴斯蒂安·库尔吉摄)

图说3:10月24日,人们在意大利首都罗马参加示威游行。新华社记者 王楷焱 摄

မူရင်းသတင်း — Xinhua Myanmar