ဂျန်ဇက် (NP News) - နိုဝင်ဘာလ ၄
ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသည်ချိုးဖောက်ခဲ့ခြင်း ရှိ/မရှိဆိုသောအချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ (၁၉) ရက်တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း တရားရုံးက ကြေညာခဲ့သည်။
ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့သော အဆိုပါ အမှုအတွက် စီရင်ချက်ကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ် (The Hague) မြို့ရှိ ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ချမှတ်ရန် စီစဉ်ထားပြီး နိုင်ငံပေါင်း (၁၁) နိုင်ငံကလည်း အဆိုပါ တရားရင်ဆိုင်မှုများတွင် ဝင်ရောက်စွက်ဖက် ပါဝင်လျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်မှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန်ဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံက ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း အဆိုပါ တရားစွဲဆိုမှုတွင် စွပ်စွဲထားကြသည်။
ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးသို့ အဆိုပါအမှုကိုတင်သွင်းရန် ဂမ်ဘီယာနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဘင်္ဂါလီအသိုက်အဝန်းဝင်များက "သမိုင်းဝင် အောင်မြင်မှု" တစ်ရပ်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ ဂမ်ဘီယာနိုင်ငံသည် ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် ICJ တရားရုံးမှာ စတင်တရားစွဲခဲ့ကြခြင်းဖြစ်သည်။