Xinhua Myanmar

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် ဟာသဇာတ်လမ်းဖွယ် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အဦရှေ့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ကျောက်တိုင်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရီပက်ဘလစ်ကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီတို့သည် ကွန်ဂရက် လွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်အဆင့်၊ ဒေသအဆင့် နေရာအများအပြားအတွက် ပြင်းထန်စွာ ယှဉ်ပြိုင်လျက်ရှိကြသည်။ ပါတီပြိုင်ဆိုင်မှုနှင့် ပုဂ္ဂိုလ်ရေးအပေါ် တိုက်ခိုက်မှုတို့ ရောယှက်နေသည့် ဤရွေးကောက်ပွဲတွင် အမျိုးမျိုးသော "ဟာသဇာတ်လမ်းများ" ဆက်တိုက် ထွက်ပေါ်နေပြီး အမေရိကန်၏ နိုင်ငံရေးအစွန်းရောက်မှုနှင့် လူမှုအသိုင်းအဝိုင်း ခွာပြဲမှုကို လေ့လာသုံးသပ်နိုင်သည့် ကြေးမုံတစ်ချပ် ဖြစ်လာခဲ့သည်။


သားအမိချင်း သဘောထားကွဲလွဲခြင်း

အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန် ကိုယ်စားလှယ်လောင်း Vivek Ramaswamy သည် ဒီမိုကရက်တစ်ပါတီ ပြိုင်ဘက် Amy Acton ၏ မွေးမိခင်ကို အသုံးပြု၍ တိုက်ခိုက်သည့် ရွေးကောက်ပွဲကြော်ငြာကို ရိုက်ကူးခဲ့ခြင်းကြောင့် ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

Ramaswamy ၏ ရွေးကောက်ပွဲအဖွဲ့သည် Acton ၏ မိခင် Donna Arthur ကို ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့ပြီး ကြော်ငြာကို ငွေကြေးအမြောက်အမြားသုံးစွဲကာ ဖြန့်ဝေခဲ့သည်။ Donna Arthur က ကြော်ငြာတွင် သမီးဖြစ်သူကို "လိမ်လည်သူ"၊ "ပြဿနာကြီးကြီးမားမားရှိသူ" ဟု ခေါ်ဆိုကာ သမီးဖြစ်သူ၏ ငယ်စဉ်က ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရမှု စသည့် အတွေ့အကြုံများကို ငြင်းဆိုပြီး မဲဆန္ဒရှင်များအား သမီးဖြစ်သူကို အုပ်ချုပ်ရေးမှူးအဖြစ် မရွေးချယ်ကြရန် တိုက်တွန်းခဲ့သည်။

၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သည့် Acton က မိမိသည် အသက် ၁၀ နှစ်မှ ၁၂ နှစ်အတွင်း ပထွေးဖြစ်သူ Clydis Arthur ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံခဲ့ရကြောင်း ယခင်က ဖော်ပြခဲ့ဖူးသည်။ ၁၉၇၈ ခုနှစ်တွင် ပထွေးဖြစ်သူသည် အရွယ်မရောက်သေးသည့် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သည်ဟု သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ရုံးတော်သို့ မလာရောက်ခဲ့ဘဲ ထွက်ပြေးလွတ်မြောက်သူစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ Acton နှင့် မောင်ဖြစ်သူသည် နောက်ပိုင်းတွင် မိခင်၏ အုပ်ထိန်းမှုအောက်မှ ခေါ်ယူခံခဲ့ရသည်။ Acton ၏ မောင်ဖြစ်သူက ၎င်း၏ မွေးမိခင်သည် ထိုနောက်ပိုင်းတွင်လည်း ပထွေးဖြစ်သူနှင့်အိမ်ထောင်ရေးပတ်သက်မှု ဆက်လက်ရှိနေခဲ့ပြီး ပထွေးဖြစ်သူ ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်သည်အထိ ဖြစ်ကြောင်း  ပြောကြားခဲ့သည်။ Acton ကမူ အသက် ၁၂ နှစ်အရွယ်တွင် မိခင်ထံမှ ထွက်ခွာခဲ့သည့်အချိန်မှစ၍ မိခင်ကို တစ်ကြိမ်မှ ပြန်လည်မတွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

အဆိုပါကြော်ငြာကို လူမှုကွန်ရက်များတွင် ထုတ်လွှင့်ပြီးနောက် နိုင်ငံရေးရည်ရွယ်ချက်အတွက် ပြိုင်ဘက်၏ ငယ်စဉ်ကလေးဘဝက ဝမ်းနည်းကြေကွဲဖွယ် စိတ်ဒဏ်ရာဟောင်းကိုပင် အမှုမထားဘဲ ထုတ်ဖော်ပြသရန် ဝန်မလေးသည့်လုပ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ အိုဟိုင်းယိုးပြည်နယ် ရီပက်ဘလစ်ကန်ပါတီအုပ်ချုပ်ရေးမှူး Mike DeWine ကပင်လျှင် ဤကြော်ငြာကို ဝေဖန်ခဲ့သော်လည်း အမေရိကန် သမ္မတ ထရမ့်နှင့် ဒုတိယသမ္မတ ဗန့်စ် တို့မှာမူ အဆိုပါကြော်ငြာကို ထုတ်လွှင့်ခြင်းကို လူသိရှင်ကြား ထောက်ခံခဲ့သည်။


"နာမည်တူ" အနှောင့်အယှက်ဖြစ်ခြင်း

အလက်စကာပြည်နယ် ဖက်ဒရယ်အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီမှ ဖက်ဒရယ်အထက်လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းနှင့် အခြား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးတို့  နာမည် လုံးဝနီးပါးတူညီနေသည့် "ဆန်းကြယ်မှု" တစ်ခု ထွက်ပေါ်ခဲ့ပြီး မမျှော်လင့်ဘဲ "နာမည်တူ" ဖြစ်ခြင်းမှာ ဒီမိုကရက်တစ်ပါတီက နောက်ကွယ်မှ အနှောင့်အယှက်လုပ်ခြင်းဖြစ်ကြောင်း ပေါ်ထွက်လာသည်။

နာမည် လုံးဝနီးပါးတူညီနေသည့် ဤကိုယ်စားလှယ်လောင်းနှစ်ဦးမှာ "သုံးကြိမ်ဆက်တိုက် အနိုင်ရရန်" ကြိုးပမ်းနေသည့် ရီပက်ဘလစ်ကန်ပါတီ လက်ရှိ ဖက်ဒရယ်အထက်လွှတ်တော်အမတ် Dan S. Sullivan နှင့် အငြိမ်းစားကျောင်းဆရာ Daniel J. Sullivan (အတိုကောက် Dan J. Sullivan) တို့ဖြစ်ကြပြီး နှစ်ဦး၏ အမည်များမှာ အလွန်ဆင်တူသဖြင့် မဲဆန္ဒရှင်များ အလွန်အလွယ်တကူ ရောထွေးနိုင်သည်။

အမေရိကန် New York Times သတင်းစာက အောက်တိုဘာ ၂၈ ရက်တွင် သီးသန့် စုံစမ်းထားသည့်သတင်းတစ်ပုဒ် ထုတ်ပြန်ခဲ့ပြီး ပီတာစဘတ်မြို့ တံငါရွာလေးတစ်ရွာမှ အငြိမ်းစားဆရာ Dan J. Sullivan ရွေးကောက်ပွဲဝင်ခြင်းမှာ လုံးဝတိုက်ဆိုင်ခြင်းမဟုတ်ဘဲ ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးအကြံပေးများနှင့် ရွေးကောက်ပွဲအဖွဲ့က နာမည်တူပုဂ္ဂိုလ်များကို စုဆောင်းခေါ်ယူခဲ့ခြင်းဖြစ်ကာ Dan S. Sullivan ၏ မဲများ ခေါင်းကွဲသွားစေရန်နှင့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း Mary Peltola အနိုင်ရရန်အတွက် ကူညီရန် ရည်ရွယ်ကာ တမင်ရည်ရွယ်ချက်ရှိရှိ "အနှောင့်အယှက်ပြုခြင်း" ၏ ရလဒ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်ပါတီဘက်နှင့် Dan J. Sullivan ကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ရွေးကောက်ပွဲဝင်ခြင်းကို  ငြင်းဆိုထားသော်လည်း ထရမ့်က ယင်းကို “မဲဆန္ဒရှင်များအပေါ် အဆင့်မြင့်ဆုံး လိမ်လည်လှည့်ဖြားမှု" ဟု ဝေဖန်ခဲ့သည်။ အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အမေရိကန် တရားရေးဝန်ကြီးဌာနတို့က အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ အသီးသီး စတင်ရန် အမိန့်ပေးခဲ့ကြသည်။ တရားရေးဝန်ကြီးဌာနကမူ စွဲဆိုချက်တွင် ရီပက်ဘလစ်ကန် လက်ရှိ အထက်လွှတ်တော်အမတ်အနေဖြင့် အနည်းငယ်မျှသော ကွာခြားချက်ဖြင့် ရှုံးနိမ့်ပါက အဆိုပါ ပြည်နယ်၏ ရွေးကောက်ပွဲ ရလဒ် အတည်ပြုချက်ကို ယာယီဆိုင်းငံ့ထားရန် ကြိုးပမ်းသွားမည်ဟုပင် ဖော်ပြထားသည်။ လက်ရှိအချိန်ထိ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း Peltola သည် အချို့သော ရွေးကောက်ပွဲ ပြည်သူ့စစ်တမ်းများ၌ အနည်းငယ် ဦးဆောင်လျက်ရှိသည်။


ကြော်ငြာဖြင့် အပြန်အလှန် တိုက်ခိုက်ခြင်း

ရီပက်ဘလစ်ကန်ပါတီကို ကိုယ်စားပြုသည့် တက္ကဆက်ပြည်နယ်ရှေ့နေချုပ် Ken Paxton သည် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း James Talarico နှင့် ဖက်ဒရယ်အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအတွက် ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲလျက်ရှိသည်။ သတင်းများအရ နှစ်ဖက်ရွေးကောက်ပွဲအဖွဲ့များသည် ရန်ပုံငွေ ကန်ဒေါ်လာသန်း ၅၀၀ ကျော် သုံးစွဲခဲ့ပြီဖြစ်ကာ အမေရိကန်သမိုင်းတွင် ကုန်ကျစရိတ် အကြီးမားဆုံးဖြစ်သည့် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ ဖြစ်လာနိုင်ကြောင်း သိရသည်။

Paxton ၏ ရွေးကောက်ပွဲအဖွဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရာတွင် တက္ကဆက်ပြည်နယ် ရှေ့နေချုပ် Paxton ၏ အောင်မြင်မှုကို ပေါ်လွင်စေရန် ရည်ရွယ်ကာ "လူပျောက်ကြော်ငြာ" တစ်ခုကို ဖန်တီးခဲ့ပြီး ကြော်ငြာတွင် ဓာတ်တိုင်တစ်ခုမှ ပျောက်ဆုံးနေသော ကလေးတစ်ဦး၏ လူပျောက်ကြော်ငြာကို လက်တစ်ဖက်ဖြင့် ဖြုတ်ယူနေသည့် မြင်ကွင်းကို ပြသခဲ့သည်။ သို့သော် ကြော်ငြာ ထုတ်လွှင့်ပြီးနောက် လူပျောက်ကြော်ငြာကို ခွာယူလိုက်ခြင်းသည် ပျောက်ဆုံးနေသော ကလေးငယ်ကို ပြန်လည်မရှာဖွေနိုင်တော့သည့် အခြေအနေ ဖြစ်စေသည်ဟူ၍ ဒီမိုကရက်တစ်ပါတီဝင်များနှင့် အင်တာနက် အသုံးပြုသူများ၏ လှောင်ပြောင်ဝေဖန်ခြင်းကို ခံခဲ့ရသည်။  

ရီပက်ဘလစ်ကန်ဘက်နှင့် ရွေးကောက်ပွဲယှဉ်ပြိုင်မှုတွင် Talarico ၏ ရွေးကောက်ပွဲအဖွဲ့သည်လည်း အလျှော့မပေးချေ။ ၎င်းတို့သည် မကြာသေးမီက အားကစားလောင်းကစား အက်ပလီကေးရှင်းတစ်ခုအား ဖန်တီးပုံဖော်ထားသည့် ကြော်ငြာတစ်ခုကို ထုတ်လွှင့်ခဲ့သည်။ ကြော်ငြာတွင် လောင်းကစား ပလက်ဖောင်း၏ ဒီဇိုင်းကို တုပထားပြီး ကြည့်ရှုသူများအား Paxton ၏ နောက်ထပ် အရှုပ်တော်ပုံမှာ မည်သည့်အရာ ဖြစ်လာမည်နည်းကို ခန့်မှန်းစေခဲ့သည်။ ကြော်ငြာတွင် "ဤ အက်ပလီကေးရှင်းမှာ အတုဖြစ်သော်လည်း Ken Paxton ၏ အရှုပ်တော်ပုံများမှာမူ အမှန်တကယ် ဖြစ်သည်" ဟု ဝါကျတစ်ကြောင်းတည်းဖြင့် အဓိက အကြောင်းအရာကို ထိမိစွာ ဖော်ပြခဲ့သည်။

Talarico အဖွဲ့သည် Paxton ၏ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဖောင်တိန် အရှုပ်တော်ပုံ ဖြစ်စဉ်ကိုလည်း ပြိုင်ဘက်ကို တိုက်ခိုက်သည့် ကြော်ငြာအဖြစ် ရိုက်ကူးခဲ့သည်။ ရှေ့နေ Joe Joplin က Paxton သည် ၂၀၁၃ ခုနှစ်တွင် မိမိ၏ ဒေါ်လာ ၁,၀၀၀ တန် ဖောင်တိန်တစ်ချောင်းကို ယူဆောင်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဖောင်တိန်အား ပြန်လည် ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ Talarico အဖွဲ့က ယင်းကို လှောင်ပြောင်သည့် ကြော်ငြာ ရိုက်ကူးခဲ့ပြီး "James Talarico ကို မဲပေးပါ၊ ၎င်းက သင်၏ ဖောင်တိန်ကို ခိုးယူလိမ့်မည် မဟုတ်ပါ" ဟု ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် ချီတာနူဂါမြို့ရှိ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်တစ်ဦး ကြိုတင်မဲပေးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စစ်ရေးဂုဏ်ပုဒ်များကို ချဲ့ကားပြောဆိုခြင်း

နီဗားဒါပြည်နယ် ဒုတိယမဲဆန္ဒနယ်သည် ကာလရှည်ကြာစွာ ရီပက်ဘလစ်ကန်ပါတီ၏ အသာစီးရသည့် မဲဆန္ဒနယ်ဖြစ်သော်လည်း ရီပက်ဘလစ်ကန်ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သည့် David Flippo ၏ စစ်ရေးဂုဏ်ပုဒ်များ ချဲ့ကားပြောဆိုမှု အငြင်းပွားဖွယ်ရာကြောင့် မူလက ပြိုင်ဆိုင်မှု မပြင်းထန်သည့် ဤရွေးကောက်ပွဲသည် အာရုံစိုက်မှု၏ ဗဟိုချက်ဖြစ်လာခဲ့သည်။

The Washington Post သတင်းစာတွင် ဖော်ပြသည့် စုံစမ်းမှုသတင်းဖော်ပြချက်အရ Flippo သည် ရွေးကောက်ပွဲ ဝါဒဖြန့်မှုများတွင် မိမိ၏ စစ်ရေးဂုဏ်ပုဒ်များကို အကြိမ်ကြိမ် ချဲ့ကားပြောဆိုကာ ၎င်းအနေဖြင့် သူရဲကောင်းကြေးတံဆိပ်ဆု ရရှိခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း အမေရိကန် စစ်တပ်၏ မှတ်တမ်းများအရ ၎င်းအမှန်တကယ်ရရှိခဲ့သည်မှာ သာမန် ကြေးတံဆိပ်ဆု ဖြစ်ကြောင်း သိရသည်။

၎င်း၏ ရွေးကောက်ပွဲအဖွဲ့က အထက်ပါအခြေအနေမှာ ဝန်ထမ်းများ၏ ပေါ့ဆမှုကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။ သို့သော် မီဒီယာများက လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း Flippo သည် လှုပ်ရှားအစီအစည်မှုများတွင် ပါဝင်စဉ် သူရဲကောင်းကြေးတံဆိပ်အမှတ်အသားကို ကိုယ်စားပြုသည့် ဦးထုပ်ကို အကြိမ်ကြိမ် ဆောင်းခဲ့ကြောင်း တွေ့ရှိခဲ့သည်။ Flippo က ၎င်း၏ ဦးထုပ်ပေါ်ရှိ အမှတ်အသားမှာ မြေးများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ခုခံပြောဆိုခဲ့ပြီး မီဒီယာများကမူ "ပထမဆုံး ဝန်ထမ်းများကို အပြစ်ပုံချခဲ့ပြီး အခုကျတော့ မြေးများအလှည့်ရောက်သွားပြီ" ဟု ပြောင်လှောင်ခဲ့ကြသည်။

အမျိုးမျိုးသော အဓိပ္ပာယ်မဲ့သည့် ရွေးကောက်ပွဲ "ဟာသဇာတ်လမ်းများ" မှာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပြီး အမေရိကန် လူမှုအသိုင်းအဝိုင်း၏ ခွာပြဲမှုကို ယင်းမှတစ်ဆင့် မြင်တွေ့နိုင်ပေသည်။ (Xinhua)

----------------------

(Chinese Version)

美国中期选举频频上演“闹剧”

美国中期选举将于11月3日举行,共和党和民主党围绕国会两院席位以及诸多州级和地方层面席位展开激烈争夺。这场党争与个人攻讦交织的选举不断曝出各类“闹剧”,成为观察美国政治极化和社会撕裂的一面镜子。

母女反目

在俄亥俄州州长选举中,共和党候选人维韦克·拉马斯瓦米利用民主党对手埃米·阿克顿的生母拍摄攻击性竞选广告引发巨大争议。

拉马斯瓦米的竞选团队邀请阿克顿的母亲唐娜·阿瑟出镜制作广告并耗巨资推广。唐娜·阿瑟在广告中称女儿是“骗子”“有严重问题”,否认女儿童年受虐和无家可归等经历,并呼吁选民不要让女儿选上州长。

生于1966年的阿克顿曾表示,自己在10至12岁期间遭到继父克莱迪斯·阿瑟性侵。1978年,其继父因涉嫌强奸未成年少女被捕并被起诉,但他后来并未出庭,还被列为在逃人员。阿克顿和弟弟随后被从母亲的监护下带走。阿克顿的弟弟称,他们的生母此后仍与继父维持婚姻关系,直到继父2004年去世。阿克顿则表示,自12岁离开母亲后,再也未见过她。

该广告在社交媒体播出后,被广泛批评为了政治目的不惜撕开对手悲剧性童年创伤,甚至连俄亥俄州共和党籍州长迈克·德瓦恩也批评这则广告,但美国总统特朗普和副总统万斯则公开支持播放该广告。

“同名”搅局

阿拉斯加州联邦参议员选举中曝出了共和党籍联邦参议员候选人与另一名独立候选人几乎同名的“奇观”,意外“同名”被曝系民主党幕后搅局。

这两名几乎同名的候选人分别是力争“三连霸”的共和党现任联邦参议员丹·S·沙利文和退休教师丹尼尔·J·沙利文(简称丹·J·沙利文),两人名字极其相似,选民极易混淆。美国《纽约时报》10月28日发表独家调查报道说,来自彼得斯堡一个小渔村的退休教师丹·J·沙利文参选绝非偶然,是民主党政治顾问和竞选团队招募同名人士,旨在分散丹·S·沙利文的选票,帮助民主党候选人玛丽·佩尔托拉胜选,是故意“搅局”的结果。

尽管民主党方面和丹·J·沙利文本人都对故意参选予以否认,但特朗普批评这是“最高级别的选民欺诈”。阿拉斯加州州长和美国司法部已分别下令对此展开调查。司法部甚至在诉状中提出,若共和党现任参议员以微弱劣势落败,将力求暂缓认证该州选举结果。截至目前,民主党候选人佩尔托拉在部分选举民调中略微领先。

广告互攻

代表共和党的得克萨斯州总检察长肯·帕克斯顿正与民主党候选人詹姆斯·塔拉里科围绕联邦参议员的选举进行激战。据报道,双方竞选团队已投入超5亿美元资金,或成为美国历史上最昂贵的参议员选举。

帕克斯顿团队制作了一则“寻人启事”广告,广告中一只手从电线杆上取下失踪儿童的寻人启事,旨在突出帕克斯顿作为得州总检察长在打击人口贩卖方面的政绩。然而,广告播出后遭民主党人和网民嘲讽,因为撕掉寻人启事,让人再无法找到失踪的孩子。

在与共和党方面的选战中,塔拉里科的竞选团队毫不示弱。他们日前推出一则广告,虚构了一个体育博彩应用程序。广告模仿博彩平台的设计,让观众预测帕克斯顿下一桩丑闻会是什么。广告用一句话点明主题:“这个应用程序是假的,但肯·帕克斯顿的丑闻是真的。”

塔拉里科团队还将帕克斯顿一桩十多年前的钢笔风波制作成广告抨击对手。律师乔·乔普林称,帕克斯顿2013年曾拿走其一支价值1000美元的钢笔,钢笔最终被归还。塔拉里科团队制作嘲讽广告称:“投票支持詹姆斯·塔拉里科,他不会偷你的钢笔。”

夸大军功

内华达州第二选区长期以来是共和党优势选区,但由于代表共和党参选的戴维·弗利波的夸大军功争议,让这场原本竞争性不强的选举成为焦点。

据《华盛顿邮报》刊登的调查报道,弗利波在竞选宣传中多次夸大自己的军功,声称自己获得过英勇铜星勋章,但美国军方记录显示,他获得的实际上是普通铜星勋章。

其竞选团队解释上述情况是工作人员疏忽。但媒体发现,弗利波在过去几年中参加活动时多次戴着代表英勇铜星勋章标志的帽子。弗利波辩称其帽子上的标志是孙辈所为,媒体则嘲讽他:“先是甩锅给工作人员,现在又轮到孙辈。” ……

各类荒诞的竞选“闹剧”仍在上演,美国社会的撕裂由此可见一斑。(完)

图说1:这是8月28日在美国首都华盛顿拍摄的国会大厦前的和平纪念碑。新华社记者李睿摄

图说2:10月29日,在美国田纳西州查塔努加一处投票站,选民进行提前投票。 新华社记者 李睿 摄

မူရင်းသတင်း — Xinhua Myanmar