NP News

စောဆန်းအောင် နှင့် စိုင်းကျော်လှတို့ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်လက်ပတ်သက်နေပါက DKBA မှ ထုတ်ပယ်ခံရနိုင်ဖွယ်ရှိ

ပုလဲ (NP News) - နိုဝင်ဘာလ ၄
စောဆန်းအောင်နှင့် စိုင်းကျော်လှတို့သည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်လက် ပါဝင်ပတ်သက်နေပါက DKBA မှ ထုတ်ပယ်ခံရနိုင် ဖွယ်ရှိကြောင်း DKBA နှင့်နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက NP News သို့ ပြောကြား ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့ သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ (၁၁) နှစ်မြောက် နှစ် ပတ်လည်နေ့ အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝ တက်ရောက်ခဲ့ သော်လည်း တစ်ဖက်တွင် DKBA မှ အရာရှိများဖြစ် သည့် စိုင်းကျော်လှနှင့် စောဆန်းအောင်တို့က အွန် လိုင်းလိမ်လည်မှုများတွင်ပါဝင်ပတ်သက်နေကြောင်း အထက်ပါ သတင်းရင်းမြစ်ကပြောသည်။
ထိုသို့ အွန်လိုင်းလိမ်လည်မှုများမှ ရရှိ သည့် အကျိုးအမြတ်များဖြင့် အဆင့်မြင့် လက်နက် ကြီးများကိုဝယ်ယူထားနိုင်ပြီဖြစ်သည့်အတွက် ဗိုလ် ချုပ်ကြီးစောရွှေဝ၏ ဩဇာများကိုအပြည့်အဝနာခံမှု မရှိတော့ကြောင်းလည်း သိရသည်။ “ စောရွှေဝတို့က NCA နှစ်ပတ်လည် သွားတက်တယ်။ လက်ရှိ စိုင်း ကျော်လှတို့၊ စောဆန်းအောင်တို့ကတော့ အွန်လိုင်း လိမ်လည်မှုကိုရသလောက် ဆက်လုပ်နေတုန်း။ တပ် ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အခြားသော ဘယ်လက် နက်ကိုင်အဖွဲ့အစည်းမှ မသုံးနိုင်တဲ့ နည်းပညာမျိုးကို အွန်လိုင်းလိမ်လည်မှုကို backup ယူထားတဲ့ စော ဆန်းအောင်လောက်အဆင့်၊ စိုင်းကျော်လှတို့ အ ဆင့်လောက်က သုံးနိုင်တယ်။ ဥပမာ FPV တွေ သုံး နိုင်တယ်။ drone ဆိုရင်လည်း အဆင့်မြင့် သိန်း၊ သုံး လေးထောင်တန် အကြီးကြီးတွေသုံးနိုင်တယ်။ ဒီလို သုံးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စောရွှေဝရဲ့ ဩဇာကို မနာခံချင်တော့ဘူး။ အခု ဆန်းအောင်တို့ စိုင်းကျော်လှတို့ကို သူ့ရဲ့အမိန့်အောက်ကနေ အလုပ်မလုပ်ဘူးပေါ့နော်” ဟု DKBA နှင့် နီးစပ်သူ တစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ အွန်လိုင်းလိမ်လည်မှုများနှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မင်းတို့(၂) ဦး ကို DKBA မှထုတ်ပယ်မည်ဖြစ်ကြောင်း အသံများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။ “ ဒီအတိုင်းပဲ ဆက်ပြီးတော့မှ ဆက်အလုပ်လုပ်နေမယ်။ ဒီအတိုင်း ပဲ အွန်လိုင်းလိမ်လည်မှု ဆက်လုပ်မယ်။ တပ်နဲ့ ထိပ် တိုက်ရင်ဆိုင်ရေးတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ DKBA ကထုတ်ပယ်မယ်ဆိုပြီးတော့ အသံတော့ ထွက်လာတယ်။ သူတို့က PDF အဖွဲ့တွေကို ပေါ် တင်ပဲ။ ဆေးကို ဒီညများများ ဥည ထား။ ဒီနေ့တော့ နည်းနည်းလျှော့ထား။ အဲဒီအတိုင်းသွားနေတာ။ အလကားရတဲ့ PDF အဖွဲ့တွေကလည်း ဒီကောင်တွေ ဆီမှာ ရှိနေတော့ကျတော့ သူတို့အတွက်ကတော်တော် လေးကို အဆင်ပြေနေတာပေါ့” ဟု ပြောသည်။
လာမည့် ဒီဇင်ဘာလတွင် DKBA ၏ ညီ လာခံ တစ်ရပ်ကျင်းပရန်ရှိပြီး အဆိုပါ ညီလာခံတွင် အပြောင်းအလဲ အနည်းငယ်နှင့်၊ မူဝါဒပိုင်းဆိုင်ရာ အချို့အပြောင်းအလဲ ဖြစ်ပေါ်နိုင်ကြောင်းလည်း အ ထက်ပါ သတင်းရင်းမြစ်ကသုံးသပ်ထားသည်။ “ ဒီ ဇင်ဘာမှာ DKBA ရဲ့ ညီလာခံရှိတယ်။ အပြောင်း အလဲ အကြီးအမားတော့ မဖြစ်နိုင်ဘူး။ အွန်လိုင်းလိမ် လည်မှုနဲ့ နာမည်ပျက်နေတဲ့သူတွေကိုပဲ သူတို့အဖွဲ့ အစည်းအနေနဲ့ ဘယ်လိုဆက်သွားမလဲပေါ့နော်။ အဲဒီအပြောင်းအလဲဖြစ်လာနိုင်တယ်။ ခေါင်းဆောင် ပိုင်း အပြောင်းအလဲတော့ဖြစ်လာမှာ မဟုတ်ဘူး။ အ ငယ်ပိုင်းအနေနဲ့ပဲ နေရာအပြောင်းအလဲလောက် ဖြစ် ချင်ဖြစ်မယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း မူဝါဒပိုင်း ဆိုင်ရာ အပြောင်းအလဲဖြစ်ရင် ဖြစ်သွားနိုင်တယ်” ဟုပြောသည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် အွန် လိုင်းလိမ်လည်မှုများကို အရှိန်အဟုန်ဖြင့် နှိမ်နင်းမှု များဆောင်ရွက်နေကြောင်းလည်း သိရသည်။ “စိုင်း ကျော်လှရဲ့ character က သူ့ရဲ့ ငွေကြေးပိုင်ဆိုင်မှု တအားများသွားပြီဖြစ်တဲ့အတွက် သူက DKBA က နေပြီးတော့ တစ်ချိန်မှာ ခွဲထွက်ပြီးတော့မှ သီးခြား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့ တည် ထောင်ပြီး သွားချင်တာ။ ပြီးတော့မှ ငွေကြေး back- up empire တစ်ခုတည်ထောင်ပြီး အစိုးရနဲ့ပေါင်းပြီး ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ ပုံစံမျိုးကို သွားချင်တာ။ သွားဖို့အတွက်ကို ပလန်ဆွဲနေတာ။ သို့သော်လည်း ပလန်ဆွဲနေတဲ့အချိန်မှာ တပ်ကမြဝတီဘက်၊ ကျောက်ခက်ဘက်ကို အွန်လိုင်းလိမ်လည်မှု နှိမ်နင်း ရေးလုပ်တဲ့အချိန်မှာ ဒီကောင် ပလန်က အောက်သွား တာ” ဟု ပြောသည်။

မူရင်းသတင်း — NP News