
ပုလဲ (NP News) - နိုဝင်ဘာလ ၄
တောင်ကိုရီးယားနိုင်ငံမှ CMP စက်ရုံ (၁၄၀ဝ)ခန့်က ထားဝယ် SEZ တွင် လာရောက်ရင်း နှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြောင်း ထားဝယ် SEZ အကောင်အထည်ဖော်ရေးလုပ်ငန်းများနှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီးတွင် ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိရာ ယင်းစီးပွားရေးဇုန်တွင် ကနဦးအနေဖြင့် မဂ္ဂါဝပ် (၆၆၀)ထွက်ရှိမည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံကြီးတည်ဆောက်ရန်ပြင်ဆင်နေကြောင်း သိရ သည်။
“ရုရှားကလည်း အဓိက (၃)ခုပေါ့။ ပထမ ဦးစွာ ကျောက်မီးသွေးပေါ့။ သူကတော့ အားလုံး (၆၆၀) မဂ္ဂါဝပ်။ လောလောဆယ် First Phase က (၂၂၀) မဂ္ဂါဝပ်လုပ်နေတယ်။ အဲဒီအတွက်လည်း ဆာ ဗေးလုပ်နေပြီးဝင်နေပြီ။ နောက် Deep Sea Port လုပ်မယ်။ Refinery လုပ်မယ်။ ဒီသုံးခုပေါ့။ ကျန်တာ တွေက နိုင်ငံတကာ Investment လုပ်လို့ရတယ်။ SEZ က မဖြစ်၊ ဖြစ်အောင်ဖော်မှာ”ဟု အထက်ပါ သတင်းရင်းမြစ်က NP News သို့ပြော သည်။
အဆိုပါ ထားဝယ် SEZ ကို မဖြစ်မနေအ ကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် လည်း တောင်ကိုးရီးယားနိုင်ငံမှ CMP စက်ရုံလုပ် ငန်းပေါင်း (၁၄၀ဝ) ခန့်ထားတယ်။SEZ ၌ လာရောက် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြောင်း သိရသည်။ “ကိုရီးယားက စက်ရုံပေါင်း (၁၄၀ဝ)လောက်ရှိတယ်။ အထည်ချုပ်စက်ရုံတွေ ဒီမှာ လာတည်ချင်တာ။ ဃဏြ စက်ရုံတွေ။ လုပ်ခွင့်ရရင် ဒီမှာလာလုပ်ချင်တာ။ ဒီမှာက Free Zone လေ။ ခံစားခွင့်တွေအများကြီးပဲ”ဟု ၎င်းကပြောသည်။
အလားတူ ထိုင်းနိုင်ငံရှိ စက်ရုံလုပ်ငန်းအ ချို့ကလည်း အဆိုပါ ထားဝယ် SEZ ၌ လာရောက် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြောင်းလည်း သိရ သည်။ “ယိုးဒယားကလည်း ဒီဘက်ရွှေ့လာချင်တာ တွေလည်းရှိတယ်။ သီလဝါဆိုရင်တောင် ကန့်သတ် ချက်တွေရှိတယ်။ သင်္ဘောတွေ ကပ်တာကအစလေ” ဟုပြောသည်။ အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် သည် ဟက်တာ(၂၀ဝဝဝ) အကျယ်အဝန်းရှိပြီး စီမံ ကိန်းလုပ်ငန်းများအကောင်အထည်ဖော်ပြီးစီးပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ် လာမည်ဖြစ်ကြောင်းသိရသည်။
အထူးစီးပွားရေးဇုန်တွင် ထားဝယ်ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချန ပူရီသို့ သွယ်တန်းဖောက်လုပ်မည့် (၁၀၅) မိုင်အရှည် ရှိ (၈)လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများပါ ဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ပါဝင်ရန် စီစဉ်ထားခဲ့ ကြောင်းသိရသည်။ ယင်းရေနက်ဆိပ်ကမ်းစီမံကိန်း ကို (၂၀ဝ၅)ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင် များက အကောင်အထည်ဖော်ရန် လေ့လာမှုပြုခဲ့ပြီး (၂၀ဝ၈)ခုနှစ် ဇွန်လ(၁၂)ရက်တွင် ထိုင်းနိုင်ငံ Italian -Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ကြားတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့၍ အကောင်အထည်ဖော်ခဲ့သော်လည်း သိသာထင်ရှား သည့်တိုးတက်မှုများမရှိခဲ့ဘဲ လက်ရှိတွင် ရုရှားနိုင်ငံ နှင့် ထပ်မံပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။