


၄.၁၁.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊စံပြလမ်းတွင် လူမရှိဘဲ စားပွဲပေါ် ဖယောင်းတိုင်ထွန်းထားခဲ့ရာမှ နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်မှု နိုဝင်ဘာလ ၃ ရက် ည ၅ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်တွင် ၂၀ ပတ်လည် သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ်လူနေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လူနေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ မီးသတ်စက်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် တစ်စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးဇေခေါင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် မိုးကောင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။