နေပြည်တော် နိုဝင်ဘာ ၄
အစွန်းရောက် ရာသီဥတုဖြစ်စဉ် အယ်လ်နီညို (El Niño) ၏ သက်ရောက်မှုကြောင့် မြန်မာ့လယ်ယာကဏ္ဍအပေါ် ထိခိုက်မှုများကြုံတွေ့ရပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုသက်သာစေရေးအတွက် အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ရန်နှင့် ဒေသအလိုက် ကြုံတွေ့လာနိုင်သည့် အခြေအနေအရပ်ရပ်အပေါ် ထိရောက်လျင်မြန်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လာမည့် ဒီဇင်ဘာလမှ စတင်၍ ကြုံတွေ့လာမည့် အယ်လ်နီညို(El Niño)ဖြစ်စဉ်ကြောင့် စားရေရိက္ခာထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတွင် ထိခိုက်မှု လျော့ပါးသက်သာရေးအတွက် မိမိတို့ဝန်ကြီးဌာနက အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာမျိုးနှင့် ရေလုံလောက်စေရေးအပါအဝင် လိုအပ်ချက်များ ဖြစ်ပေါ်လာပါက အချိန်မီ စီမံဆောင်ရွက်ပေးနိုင်ရေးအတွက် ယခင်အတွေ့အကြုံများအပေါ် အခြေခံကာ အဆိုးဆုံးအခြေအနေအထိ မျှော်မှန်းပြီး ကြိုတင်စီမံ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဌာနအလိုက် မြေပြင်အမှန်ရှိပြီး အရင်းအမြစ်များ၊ စွမ်းဆောင်ပေးနိုင်မှုအခြေအနေနှင့် ထပ်မံလိုအပ်လာနိုင်မှုများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး ကြိုတင်စီမံထားရမည်ဖြစ်ကြောင်း၊ အဓိက အရေးကြီးသည့် အချက်တစ်ခုဖြစ်သော စိုက်ပျိုးရေနှင့် သောက်သုံးရေကို ဒေသအလိုက်ဖူလုံရေး၊ အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရေးအတွက် မြေပြင်လုပ်ငန်း ဆောင်ရွက်သူများထံသို့ အမိန့်ညွှန်ကြားချက်များ ရောက်ရှိစေရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ အယ်လ်နီညို(El Niño)ကာလအတွင်း လိုက်နာရမည့်အချက်များကို မိမိတို့ဝန်ထမ်းများအပါအဝင် အားလုံးသိရှိ လိုက်နာရေးအတွက် အယ်လ်နီညို(El Niño)ဆိုင်ရာ သတိပေးထုတ်ပြန်ချက်များကို မီဒီယာအမျိုးမျိုးအား အသုံးပြု၍ တောင်သူများ ဖတ်ရှုသတိပြုနိုင်ရေး စနစ်တကျ ဖြန့်ဝေပေးရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက သက်ဆိုင်ရာဌာနများအလိုက် အယ်လ်နီညို (El Niño) သက်ရောက်မှုကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထိခိုက်မှု သက်သာစေရေးအတွက် အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ဒုတိယဝန်ကြီးများက သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာချိန်တွင် အချိန်မီထိရောက်စွာ စီမံဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် အလေးထားလုပ်ဆောင်ကြရန် ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်