Xinhua Myanmar

ရှန်ဟိုင်းမြို့ရှိ ကုန်စုံဆိုင်တွင် လူပုံစံတူစက်ရုပ် ခြောက်ရုပ်က ၂၄ နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် AgiBot Genie G2 လူပုံစံတူစက်ရုပ် ခြောက်ရုပ်သည် ၂၄ နာရီကြာ စမ်းသပ်ကာလအတွက် အလုပ်တာဝန်များ အချိန်ပြည့်ထမ်းဆောင်ခဲ့ကြသည်။

အဆိုပါစက်ရုပ်များသည် ဈေးဝယ်သူများအား နှုတ်ဆက်ခြင်း၊ အစားအသောက်နှင့် အဖျော်ယမကာများ ပြင်ဆင်ပေးခြင်း၊ စင်များပေါ်တွင် ကုန်ပစ္စည်းများ ပြန်လည်ဖြည့်တင်းပေးခြင်းနှင့် စားပွဲသန့်ရှင်းရေးတို့ကို လုပ်ဆောင်ခဲ့ကြသည်။

အမှန်တကယ် လုပ်ငန်းလည်ပတ်နေသည့် နေရာတွင် အွန်လိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့် ထိုစမ်းသပ်မှုက Embodied AI နည်းပညာအနေဖြင့် ထိန်းချုပ်ထားသည့် သရုပ်ပြမှုများကို ကျော်လွန်၍ နေ့စဉ်ဝန်ဆောင်မှုလုပ်ငန်းများတွင် မည်သို့ အသုံးပြုနိုင်ကြောင်း ဖော်ပြခဲ့သည်။

သင့်နံနက်ခင်းကော်ဖီကို လူပုံစံတူစက်ရုပ်က ဖျော်ပေးမယ်ဆိုရင် သင်ရော ယုံကြည်စိတ်ချနိုင်မည်လော။ (Xinhua)

............................................

(English Version)

Six humanoid robots work 24-hr shift at Shanghai convenience store

Six AgiBot Genie G2 humanoid robots clocked in for a 24-hour trial at a Shanghai convenience store.

The robots greeted customers, served food and drinks, restocked shelves, and wiped down tables.

Streamed live online in a real business setting, the trial showed how embodied AI could move beyond controlled demos and into everyday service.

Would you trust a humanoid robot to make your morning coffee?

မူရင်းသတင်း — Xinhua Myanmar