ရန်ကုန် နိုဝင်ဘာ ၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(A) ဒုတိယနေ့ကို နိုဝင်ဘာ ၄ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာကလပ် ဧရာဝတီအသင်းသည် ဂျပန်ကလပ် ကိုဘေးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
ဧရာဝတီအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး နော်ထက်ထက်ဝေကို ပွဲထွက်လူစာရင်းတွင် ပြန်လည်အသုံးပြုခဲ့သည်။ ကိုဘေးအသင်းသည် ပွဲစကတည်းက တိုက်စစ်အားပြုကစားခဲ့ပြီး ဧရာဝတီအသင်း ကလည်း တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်။ ကိုဘေးအသင်းအတွက် အနိုင်ဂိုးများကို ၃၈ မိနစ်တွင် အဇူမီ၊ ၄၈ မိနစ်တွင် မီနိုဝါတို့က သွင်းယူခဲ့သည်။
မွန်းလွဲ ၃ နာရီတွင် ကစားသည့် ပထမပွဲ၌ မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်းက အီရန်ကလပ် ဘမ်ခါတွန်အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယနေ့အပြီးတွင် မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်းနှင့် ဂျပန်ကလပ် ကိုဘေးအသင်းက ခြောက်မှတ်စီရရှိကာ နောက်တစ်ဆင့်တက်ခွင့်ရသွားပြီး မြန်မာကလပ် ဧရာဝတီအသင်းနှင့် အီရန်ကလပ် ဘမ်ခါတွန်အသင်းတို့မှာမူ အမှတ်မရသေးပေ။
အုပ်စု (A) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းသည် အီရန်ကလပ် ဘမ်ခါတွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - AYWDFC