ဝမ်းတွင်း နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ စက်ရက်ကန်းဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ရာ ဗိုလ်လုပွဲစဉ်အဖြစ် ဘုရားစုအသင်းနှင့် မြောက်ဇဂျမ်းကုန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြောက်ဇဂျမ်းကုန်းအသင်းက သုံးဂိုး- ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ပထမဆုရရှိသည့် မြောက်ဇဂျမ်းကုန်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘုရားစုအသင်းနှင့် တတိယဆုရရှိသည့် ပဲခင်းကျော်အသင်းတို့အား တာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့်ကြသည်။
ဆက်လက်၍ ဘောလုံးပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်သူများ၊ ပွဲစဉ်တစ်လျှောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)