နေပြည်တော် နိုဝင်ဘာ ၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနရှိ Polytechnic Univer-sity၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို Naypyitaw State Polytechnic University ရှိ ဘောလုံးကွင်း၊ Recreation Centre (RC)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI)တို့တွင် သက်ဆိုင်ရာ အားကစားနည်းအလိုက် ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းဇုန်က မကွေးဇုန်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပထမဆုကို လည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန္တလေးဇုန်က နေပြည်တော်ဇုန်ကို ငါးဂိုး-လေးဂိုး ဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်း ကောင်း၊ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းဇုန်က နေပြည်တော်ဇုန်ကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ တစ်ဦးချင်းပြိုင်ပွဲတွင် မန္တလေးဇုန်က ရှမ်းဇုန်ကို လေးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်းကောင်း၊ စားပွဲတင်တင်းနစ် အတွဲလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်း(၂)ဇုန်က မန္တလေးဇုန်ကို သုံးပွဲ - နှစ်ပွဲဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးဇုန်က ဧရာဝတီဇုန်ကို နှစ်ပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန္တလေးဇုန်က ရန်ကုန်ဇုန်ကို နှစ်ပွဲ ပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းဇုန်က ဧရာဝတီဇုန်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကို လည်းကောင်း၊ ကြက်တောင်အတွဲလိုက်အနေဖြင့် ဧရာဝတီဇုန်က မကွေး(၂)ဇုန်ကို နှစ်ပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိပြီး ပထမဆုကိုလည်းကောင်း ရရှိဗိုလ်စွဲခဲ့ကြသည်။
ဗိုလ်လုပွဲများအပြီးတွင် ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် တက္ကသိုလ်များကို ဒေသအလိုက် စစ်ကိုင်းဇုန်၊ နေပြည်တော်ဇုန်၊ မကွေးဇုန်၊ မန္တလေးဇုန်၊ မွန်ဇုန်၊ ရန်ကုန်ဇုန်၊ ရှမ်းဇုန်နှင့် ဧရာဝတီဇုန်ဟူ၍ ဇုန်ရှစ်ခုခွဲကာ ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် စသည့် အားကစားနည်း ခြောက်မျိုးဖြင့် အားကစားသမား ၃၉၂ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်