Eleven Media Group

■ လက်ဘနွန်ကို စစ်ပွဲအသစ်အတွင်း ဆွဲသွင်းခြင်းမပြုရန် လက်ဘနွန်ဝန်ကြီးချုပ်က သတိပေး

အရှေ့အလယ်ပိုင်း ပဋိပက္ခများ ပြန်လည် စတင်လာပါက လက်ဘနွန်နိုင်ငံအား စစ်ပွဲအသစ်တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်းမပြုရန် လက်ဘနွန် ဝန်ကြီးချုပ်က နိုဝင်ဘာ ၄ ရက်တွင် သတိပေးလိုက်ပြီး ယင်းသည် ဟစ်ဇ်ဘိုလာအဖွဲ့အား ရည်ရွယ်သည့် အမှာစကားတစ်ခုဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။။

"ဒေသတွင်းမှာ စစ်ပွဲသစ် ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြင်ပ အကျိုးစီးပွားတွေအတွက် လက်ဘနွန်ကို အဓိပ္ပာယ်မရှိတဲ့ စွန့်စားမှုအသစ်တစ်ခုဆီ ဆွဲသွင်းမယ့် အန္တရာယ်တွေကို ကျွန်တော် နောက်ထပ်တစ်ကြိမ် သတိပေးပါရစေ" ဟု လက်ဘနွန်ဝန်ကြီးချုပ် နဝါ့ဖ် ဆာလမ်က ပြောကြားခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့သည် မကြာသေးမီနှစ်များအတွင်း လက်ဘနွန်အား အစ္စရေးနှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဆွဲသွင်းခဲ့ပြီး၊နောက်ဆုံးအကြိမ်ဖြစ်ပွားသည့် စစ်ပွဲမှာ ပြီးခဲ့သည့် မတ်လအတွင်းက အီရန်ကို ထောက်ခံသည့်အနေဖြင့် အစ္စရေးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်‌တော်တို့ နိုင်ငံဟာ အခြားသူတွေရဲ့ ပဋိပက္ခအတွက် စစ်မြေပြင် ထပ်ဖြစ်လာမှာကို လက်မခံနိုင်ပါဘူး" ဟု ဆာလမ် က ပြောကြားခဲ့ပြီး လေဘနွန်နိုင်ငံအနေဖြင့် ကြီးမားစွာ ပေးဆပ်ခဲ့ရကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group